Local News

မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မေ (၁၉)ရက်နေ့မှ (၂၀)ရက်နေ့အတွင်း ပို့ကုန်ငါးကြိတ်သား (၁) တန်လျှင် (၁၈၂၃) ဒေါ်လာနှုန်းဖြင့် (၇.၂) တန် ၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း ကားလမ်းကြောင်းဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေး စခန်းအထိကုန် (၁)တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မေ (၁၉)ရက်နေ့မှ (၂၀)ရက်နေ့အတွင်း သွင်းကုန်တင်သွင်းနိုင်ခြင်း မရှိပါ။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ(၃၁၀၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၃၂၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊  ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၁၁) ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News