Local News

မန္တလေးခရမ်းချဉ်သီးစျေးကွက်

Last Updated:

မန္တလေးစျေးကွက်သို့  ဧပြီလနောက်ဆုံးပတ်အတွင်း ခရမ်းချဉ်သီးဝင်ရောက်မှုအနည်းငယ် လျော့နည်းသည့်အတွက် စျေးအနည်းငယ်မြင့်သွားကြောင်း သိရပါသည်။ စျေးကွက်အတွင်းတွေ့ရှိရသည့် ခရမ်းချဉ်သီးများအား ဒေသမျိုးဘောလုံးသီး၊ ဗမာသီး(သို့မဟုတ်)နှင့် အင်းသီးဟူ၍ ခွဲခြားရောင်းချလျက် ရှိပါသည်။ မန္တလေးစျေးကွက်အတွင်းသို့ ဒေသမျိုးခရမ်းချဉ်သီး (ခေါ်)ဘောလုံး သီးများနှင့် ဗမာသီး(ခေါ်)  ကိုင်းသီးများအား အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦးဒေသနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှဝင်ရောက်ပြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ ခရမ်းချဉ်သီး(အင်းသီး)များဝင်ရောက်လျက် ရှိပါသည်။ မန္တလေးစျေးချို၊ ကိုင်းတန်းစျေးရှိ ခရမ်းချဉ်သီးပွဲရုံများ၊ သီရိမာလာစျေး(ပိုက်ကျုံးစျေး) နှင့် ၄၁လမ်း၊ကမ်းနားလမ်းရှိ ကုန်စိမ်း လက္ကားစျေးတို့ တွင် ခရမ်းချဉ်သီးအား ခေါင်သီးနှင့် အလတ်စသီး ဟူ၍ အမျိုးအစားခွဲခြားရောင်းချလျက်ရှိပါတယ်။  ၂၀၂၅ ခုနှစ်ဧပြီလနောက်ဆုံးပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော လက်လီစျေးအနေဖြင့် ခရမ်းချဉ်သီးဘောလုံးသီးနှင့် အင်းသီး တစ်ပိဿာလျှင် ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊ ဗမာသီးတစ်ပိဿာလျင် ၂၅၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်စျေးတို့ဖြစ်ပြီး၊ ဝင်ရောက်မှုလျော့နည်းသည့်အတွက် ခရမ်းချဉ်သီးစျေး တစ်ပိဿာလျှင် ၃၀၀ ကျပ်နှင့် ၅၀၀ ကျပ်ခန့် စျေးမြင့်တက်သွားကြောင်း စျေးသည်တစ်ဦး၏ ပြောပြချက်အရ သိရပါသည်။

Source: https://www.doca.gov.mm

Category: Local News