Local News

မန္တလေးကုန်စည်ဒိုင်အတွင်း ဒီဇင်ဘာလနောက်ဆုံးပတ်မှ စ၍ ပဲ၊ ပြောင်း၊ နှမ်း အရောင်းအဝယ်ပြုလုပ်သူ ဦးရေ ၈၀၀ ကျော်ထိ ရှိလာ

Last Updated:

မန္တလေးကုန်စည်ဒိုင်အတွင်း ဒီဇင်ဘာလနောက်ဆုံးပတ်မှ စ၍ ပဲ၊ ပြောင်း၊ နှမ်း အရောင်းအဝယ်ပြုလုပ်သည့်လုပ်ငန်းရှင် ဦးရေ ၈၀၀ ကျော်ထိ ရှိလာကြောင်း ပွဲစားကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ ယခုလက်ရှိမန္တလေးကုန်စည်ဒိုင်အတွင်း ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်များကို ပုံမှန်အတိုင်း အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း၊ မန္တလေးကုန်စည်ဒိုင်အတွင်း ဒီဇင်ဘာလတတိယပတ်က အရောင်းအဝယ်ပြုလုပ်သည့် လုပ်ငန်းရှင် ပုံမှန်အတိုင်းသာ ရှိခဲ့ကြောင်း သိရသည်။ “အခုက ပဲ၊ ပြောင်း၊ နှမ်း ကုန်စည် အားလုံးနီးပါး အရောင်းအဝယ်အနည်းငယ်ကောင်းလာပါတယ်။ အချို့ အဝယ်မလိုက်ဘဲ အရောင်းအဝယ်သိပ်မကောင်းတဲ့ ကုန်စည်ကတော့ အနည်းငယ်လောက်ပဲရှိပါတယ်” ဟု ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြသည်။ မန္တလေးကုန်စည် ဒိုင်အတွင်း ပဲ၊ ပြောင်း၊ နှမ်း အရောင်းအဝယ်ပြုလုပ်သည့် လုပ်ငန်းရှင်ဦးရေ ဒီဇင်ဘာလ တတိယပတ်က တစ်ရက်လျှင် ဦးရေ ၇၀၀ ကျော်သာရှိခဲ့ပြီး ယခုလက်ရှိ ဒီဇင်ဘာလ နောက်ဆုံးပတ်မှစ၍ တစ်ရက်လျှင် လုပ်ငန်းရှင် ဦးရေ ၈၀၀ ကျော်ထိ ရှိလာကြောင်း၊ မန္တလေးကုန်စည်ဒိုင်အတွင်း ပဲ၊ ပြောင်း၊နှမ်း စသည့် ကုန်စည်များကို အရောင်းအဝယ်ပြုလုပ်မည့် လုပ်ငန်းရှင်များ အဆင်ပြေစေရေးအတွက် အဆိုပါကုန်စည်ဒိုင်ကို နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ ပုံမှန်အတိုင်း ဖွင့်လှစ်ပေးထားကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News