Local News

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်တွင် ဒေသထွက် ခဝဲသီးများ အရောင်းအဝယ်ကောင်းနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်တွင် ဒေသထွက် ခဝဲသီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ငပုတောမြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးမာက ပြောပြ၍ သိရသည်။ ငပုတောမြို့နယ်တွင် ဒေသထွက်ခဝဲသီးများ ကုန်စိမ်းဈေးကွက်တွင် ဒီဇင်ဘာလ ပထမပတ်မှစတင်ပြီး ယနေ့ထိ အရောင်းအဝယ်ပြုလုပ်လျက်ရှိပြီး လက်ရှိတစ်ရက်လျှင် ခဝဲသီးအလုံးရေ ၂၅၀၀၀ မှ ၃၀၀၀၀ ထိ ဝယ်ယူမှုရှိပြီး အရောင်းအဝယ်ကောင်းလာကြောင်း၊ အဆိုပါ ခဝဲသီးအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၂၇၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ဒီဘက်ကနေထွက်တဲ့ ခဝဲသီးတွေကို အခြားမြို့နယ်တွေက ဝယ်ယူအားများနေပါသည်။ လက်ရှိတစ်ရက်ကို ခဝဲသီးအလုံးရေ ၃၀၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေပါတယ်။ ခဝဲသီးက ငပုတောမြို့နယ်က ဒေသထွက်ကုန်တစ်ခုပါ။ ခဝဲသီးတွေက အရည်အသွေးလဲကောင်းပါတယ်။ အခြားဒေသကုန်စိမ်း ဈေးကွက်က ခဝဲသီးတွေ အဝယ်လိုက်နေပါတယ်။ အခုလို ဒေသထွက်ကုန်ခဝဲသီးတွေ ဝယ်ယူမှုကောင်းလာတော့ ဟင်းသီးဟင်းရွက်စိုက်ပျိုးတဲ့ တောင်သူတွေ ပိုမိုအဆင်ပြေလာပါတယ်” ဟု ငပုတော မြို့နယ် ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံ ပိုင်ရှင် ဒေါ်အေးမာက ပြောပြသည်။ ငပုတော မြို့နယ်တွင် လက်ရှိခဝဲသီးများအပါအဝင် ဒေသထွက် ဟင်းသီးဟင်းရွက်များ ပေါ်နေသည့်အချိန်ဖြစ်၍ အရောင်းအဝယ်ကောင်းမွန် လျက်ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News