
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ဆူးပုတ်ရွက်များကို မိသားစုစားဝတ်နေရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေသည့် ဆူးပုတ်ပင်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြသည်ကိုသိရှိရပါသည်။ ဆူးပုတ်ပင်ကိုအပင်(၃၀၀)ခန့်စိုက်ပျိုးထားရှိရာ စိုက်ပျိုးပြီး (၆) လအကြာတွင်ခူးဆွတ်ရောင်းချကြောင်း ဆူးပုတ်ရွက်ကို(၂)ရက်တစ်ကြိမ် ခူးဆွတ်ရပြီး အစည်း ရေ(၂၀၀)ကျော် ခန့်ထွက်ရှိကြောင်း၊ ရာသီဥတုပေါ်မူတည်ပြီး ရေသွင်းခြင်းနှင့် ဆေးဖျန်းပေး ရကြောင်းသိရှိရပါသည်။ ဆူးပုတ်ရွက်များကို ဖောက်သည်သွင်းရောင်းချသလို ကိုယ်တိုင်လည်း ရောင်းချကြကြောင်း၊ ဆူးပုတ်ရွက်ကို အကုန်မညှပ်ဘဲ ဈေးကောင်းသည့်အချိန်မှဖမ်းညှပ်သလို ပုံမှန် ဝင်ငွေရသော်လည်း ထိန်းညှပ်ရတာလည်းရှိကြောင်းနှင့် အချို့ကျေးရွာများတွင်လည်း ကျယ်ကျယ် ပြန့်ပြန့်စိုက်ပျိုးလာကြောင်း ဆူးပုတ်ရွက်စိုက်ပျိုးသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ သားငါးများထက် ရာသီမရွေးပေါ်ထွက်နေသောသီးနှံများ ရာသီအလိုက်ထွက်ပေါ်နေသောသီးနှံများ ယခုဈေးကွက်များအတွင်းသို့ ဆူးပုတ်ရွက်သည်လည်း ဝင်ရောက်လာသဖြင့် စိုက်ပျိုးသူများ အရောင်းအဝယ်သွက်နေကြောင်းလည်း သိရှိရပါသည်။ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလနောက်ဆုံးပတ် တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဆူးပုတ်ရွက်ဈေးနှုန်းမှာ တစ်စည်းငယ်တစ်စည်းလျှင် (၆၀၀)ကျပ်ခန့်ရှိကြောင်း သိရပါသည်။
Source: https://www.doca.gov.mm/