Local News

ဧရာဝတီတိုင်း‌ဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငါးမုတ်ပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်း‌ဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငါးမုတ်ပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာမြင့်က ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ငါးမုတ်ပိဿာချိန် ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ငါးမုတ်များကို ပြည်တွင်းဈေးကွက်က ဝယ်ယူမှု များလာခြင်းကြောင့် တင်ပို့အား ကောင်းလာခြင်း ဖြစ်ကြောင်း သိရသည်။ “ဘိုကလေးမြို့နယ်က ငါးမုတ်တွေ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ငါးမုတ်ပိဿာချိန် ၈၀၀၀၀ ကျော်ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ဒီဘက်ကနေ တင်ပို့ရောင်းချတဲ့ ငါးမုတ်တွေ ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများလာလို့ တင်ပို့အား ကောင်းခဲ့တာပါ။ ဒေသပွဲရုံတွေဆီ ငါးမုတ်တွေ ပုံမှန်ဝင်ရောက်နေပါတယ်။ ပွဲရုံတွေဆီဝင်လာတဲ့ ငါးမုတ်တွေက လတ်ဆက်မှုရှိပါတယ်။ တင်ပို့အား ကောင်းလာတော့ ရေလုပ်ငန်းနဲ့ ဆက်စပ်နေသူတွေ အဆင်ပြေနေတာ တွေ့ရပါတယ်” ဟု သိရသည်။ ဘိုကလေးမြို့နယ်မှ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ငါးမုတ်များ အပါအဝင် ဒေသထွက်ရေထွက်ကုန်များကို ဝယ်ယူပြီး စနစ်တကျသန့်စင်ကာ ရန်ကုန်ဈေးကွက်သို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးမုတ်တစ်ပိဿာလျှင် ငွေကျပ် ၁၄၀၀၀ ပေါက်ဈေးရှိကြောင်း ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာမြင့်ထံမှ သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News