Local News

မန္တလေးဈေးကွက်အတွင်း မတ်လနောက်ဆုံးပတ်မှစ၍ ပဲပုပ်(ရှမ်း)များ အရောင်းအဝယ်ကောင်းလျက်ရှိ

Last Updated:

မန္တလေးဈေးကွက်အတွင်း မတ်လနောက်ဆုံးပတ်မှစ၍ ပဲပုပ်(ရှမ်း)များ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) မှ အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ ယခုလက်ရှိ ရှမ်းပြည်နယ်ဘက်မှထွက်ရှိသည့် ပဲပုပ်(ရှမ်း)များ မန္တလေးဈေးကွက်အတွင်းအရောင်းအဝယ် ပြန်လည်ကောင်းမွန်လာကြောင်း၊ အလားတူ အရည်အသွေးကောင်းမွန်သည့် ပဲပုပ်(ရှမ်း)ကို ကုန်သည်များ ဈေးကောင်းပေး၍ ဝယ်ယူမှုများရှိကြောင်း သိရသည်။

“ရှမ်းပြည်နယ်ဘက်ကထွက်တဲ့ပဲပုပ်ကို အခုလတ်တလော မန္တလေးဈေးကွက်အတွင်း အဝယ်လိုက်နေပြီး အရောင်းအဝယ်ကောင်းနေပါတယ်။ ပြည်ပကနေပြီးတော့ ပြည်တွင်းကထွက်ရှိတဲ့ပဲပုပ်ကို မှာယူမှုကတော့ အနည်းငယ်လောက်ပဲရှိပါတယ်” ဟု အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြသည်။ ပြည်တွင်းမှထွက်ရှိသည့် ပဲပုပ်(ရှမ်း)ဈေးနှုန်းမှာ ယနေ့(မတ်လ ၂၇)နေ့ ပေါက်ဈေးအရ ၅၃ ပိဿာလျှင် ငွေကျပ် ၁၆၀၀၀၀ ခန့်ထိပေါက်ဈေးရှိလာပြီး အရောင်းအဝယ်ပြန်လည်ကောင်းလျက်ရှိကြောင်း သိရသည်။

အလာတူ ‌ရေဦးဘက်မှထွက်ရှိသည့် ပဲပုပ်(ဗမာ)အမျိုးအစားများလည်း မန္တလေးဈေးကွက်အတွင်း ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုလတ်တလောတွင် ပဲပုပ်(ဗမာ) အမျိုးအစားမှာ ၅၃ ပိဿာလျှင် ငွေကျပ် ၁၅၅၀၀၀ ခန့်ထိပေါက်ဈေးရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News