Local News

ဈေးဆက်တက်နေပေမယ့် အရောင်းအဝယ်အေးနေတဲ့ မတ်ပဲနဲ့ ပဲစင်းငုံ

Last Updated:

မတ်ပဲက သုံးပတ်ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ငွေပြည်တွင်းငွေလဲလှယ်နှုန်းဈေး မြင့်တက်လာတာနဲ့အတူ ဈေးမြင့်တက်လာတာဖြစ်ပြီး အရောင်းအဝယ်ကတော့ သိပ်မရှိဘူးလို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲဝယ်လိုအားမြင့်တက်နေတာဖြစ်တဲ့အတွက် ဈေးကဆက်ပြီးမြင့်တက် ပါတယ်။ အိန္ဒိယအစိုးရ ပဲဈေးကျဆင်းအောင် နည်းလမ်းမျိုးစုံနဲ့ ပြုလုပ်နေပေမယ့် ဈေးကွက်အတွင်း ပဲလိုအပ်ချက် ကြီးမားတာ၊ အထွက်နှုန်း‌လျော့တာတွေကြောင့် ဈေးကအမြင့်ဈေးမှာ ရှိနေတာ ဖြစ်ပါတယ်။ ဈေးကွက်ထဲ မတ်ပဲအသစ်တွေ ဝင်နေပေမယ့်လည်း ဈေးက ဆက်တက်နေတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒီတစ်ပတ် မြန်မာ မတ်ပဲ FAQ  က တစ်တန်ကို ရူပီး ၉၀၅၀  ပေါက်ဈေးရှိနေပြီး ၂၅ ရူပီး မြင့်တက်လာပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၃၃၀၀၀၀ ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တေ့ာ တစ်တန်ကို ၆၀၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။  (SQ/RC) ကတော့ တစ်တန်ကို    ၃၆၀၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၆၅၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၄၀၅  မှ ၅၄၄၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၁၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ပဲစင်းငုံနီကလည်း ဈေးမြင့်တက်လာပေမယ့် အရောင်းအဝယ်ကတော့ အေးနေပါတယ်။ ဈေးမြင့်တက်ပေမယ့်လည်း ငွေကြေးဖောင်းပွမှုကြောင့် ဈေးမြင့်တက်နေတာဖြစ်လို့ ပြီးခဲ့တဲ့ အပတ်တွေကလို ဈေးအများကြီး တက်တာမျိုးတော့ မရှိတော့ပါဘူး။

အိန္ဒိယနိုင်ငံတွင်းမှာလည်း ဈေးမြင့်တက်နေတာဖြစ်ပြီး ပဲလိုအပ်ချက်ကြောင့် ဈေးမြင့်တက်နိုင်မယ့် အခြေအနေရှိနိုင်ပေမယ့် လက်ရှိမှာ ပဲဈေးကျအောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတာ ဖြစ်လို့ ပဲဈေး အခြေအနေက ကာလတို အခြေအနေမှာတော့ ကောင်းနိုင်ပေမယ့် ကာလလတ် အခြေအနေမှာတော့ စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၁၃၇၅ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ရူပီး ၂၇၅ ရူပီး ဈေးမြင့်တက်လာခဲ့ပါတယ်။ ပြည်တွင်း ပဲစင်းငုံနီ FOB ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၁၃၂၀ မှ ၁၃၄၀ ရှိပြီး ၂၀ ဒေါ်လာ ဈေးမြင့်တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၄၃၆၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၄၅၀၀၀ ကျပ်ဈေးမြင့်တက်လာခဲ့ပါတယ်။

တစ်အိတ်ကို ငွေကျပ် ၆၀၀၀၀ ကျော်ထိ မြင့်တက်လာတဲ့ ပြောင်းဆံ 

ပြောင်းဆံကတော့ ဆက်ပြီးတက်နိုင်ခြေ မရှိနိုင်ဘူးလို့ခန့်မှန်းထားကြပေမယ့် ငွေကြေးဈေးရယ် ပြည်ပလိုအပ်ချက်ကြောင့် ဝယ်ယူတာတွေရှိလို့ လက်ရှိမှာတော့ သုံးတင်းဝင် တစ်အိတ်ကို ငွေကျပ် ၆၀၀၀၀ ကျော်အထိ ဈေးပြန်လည် မြင့်တက်လာခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံ တစ်ပိဿာကို ၁၂၃၀ မှ ၁၂၅၀ ကြားရှိပြီး တစ်ပိဿာကို ၉၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း ပြောင်းစီပီ တစ်အိတ်ကို ၆၀၀၀၀ မှ ၆၁၀၀၀ ပေါက်ဈေးရှိနေပြီး တစ်ပတ်အတွင်း တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ရှမ်းပြောင်းတွေကလည်း တစ်အိတ် ကို ၆၀၀၀၀ မှ ၆၁၀၀၀ ကျပ် ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

တစ်လအတွင်း တစ်ပိဿာကို ၃၅၀၀ ကျော်‌ဈေးမြင့်တက်လာတဲ့ ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ တစ်လ အတွင်း တစ်ပိဿာကို ၂၅၀၀ ကျော်ထိ ဈေးမြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အဝင်နည်းသွားပေမယ့် အဝင်ရှိသလောက် အဝယ်လည်းရှိနေတဲ့အတွက် ဈေးမြင့်တက်နေတာလည်း ဖြစ်ပါတယ်။ ဈေးကွက်ထဲကို နေ့စဉ် အဝင်ပိဿာချိန် ၃၀၀၀၀ နီးပါး ရှိပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း)က တစ်ပိဿာကို အနိမ့်ဆုံး ၉၅၀၀ ကနေ အမြင့်ဆုံး ၁၁၅၀၀ ထိပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၂၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ မေလ အစနဲ့ ယှဉ်ရင်တော့ တစ်ပိဿာကို ၃၅၀၀ လောက်ဈေးမြင့်တက်လာပါတယ်။

ဈေးကောင်းရနေတဲ့ တရုတ်အာလူး

ဈေးကွက်ထဲ ရှမ်းအာလူးတွေက အနည်းငယ်သာရှိပြီး ဘုရင့်နောင်ဈေးကွက်ထဲမှာတော့ တရုတ်အာလူးတွေသာ ဈေးဖွင့်ပါတယ်။ ဈေးကွက်ထဲ အဝင်များပေမယ့် အရောင်းအဝယ်သွက်နေတဲ့အတွက်ဈေးက မြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးကွက်ထဲ ဈေးငြိမ်နေတာဖြစ်ပြီး ငွေကြေးဈေးကြောင့်လည်း ဈေးအနည်းငယ်မြင့်လာတာလည်း ဖြစ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တရုတ်အာလူးက တစ်ပိဿာကို ၁၈၀၀ မှ ၂၂၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

Source: AMIA

Source: Awba

 

Category: Local News