Local News

ရွှေဘိုခရိုင်အတွင်း ဇွန်လ တတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Last Updated:

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇွန်လ တတိယပတ်တွင် စပါး/ဆန် ဈေးနှုန်းများ အနည်းငယ်ကျဆင်းခဲ့ပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ ဒုတိယပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေးသို့ အိတ်ရေ၃၅၅၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၂၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်း အိတ်ရေ ၇၇၅၀၀၊ တန်အားဖြင့် ၃၈၇၅တန် စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၀၅၀၀၊မန္တလေးသို့ အိတ်ရေ ၃၄၅၀၀၊ နေပြည်တော်သို့ အိတ်ရေ၅၅၀၀ ၊ရှမ်း(တောင်)သို့ အိတ်ရေ၃၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ ၇၇၀၀၀၊ တန်အားဖြင့် ၃၈၅၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း အိတ်ရေ ၅၀၀၊ တန်အားဖြင့် ၂၅တန် လျော့၍ စီးထွက်ခဲ့ပါသည်။

ရွှေဘိုမြို့၏ ဇွန်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀ လျှင် ကျပ် ၄,၄၀၀,၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၄၅၀၀၀၊  ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၂၅၀၀၀နှင့် ရွှေဝါထွန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀၂၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News