International News

စံချိန်တင်ပမာဏရှိသည့် နေကြာဆီများကိုဝယ်ယူခဲ့သည့် အိန္ဒိယနိုင်ငံ

Last Updated:

အိန္ဒိယနိုင်ငံသည် ဇွန်လအတွက်စံချိန်တင် (၅၀၀၀၀၀) မက်ထရစ်တန်ရှိသည့် နေကြာဆီများကိုဝယ်ယူခဲ့ပြီး အဓိကထောက်ပံ့သည့် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့ကြား ယှဉ်ပြိုင်မှုကလည်း နေကြာဆီကို ပဲပိစပ်ဆီနှင့်စားအုန်းဆီတို့ထက် ဈေးသက်သာစေကြောင်း အကောက်ခွန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ အမည်မဖော်လိုသော ထိပ်တန်းဝယ်ယူသူ တစ်ဦးက နေကြာဆီကို ပဲပိစပ်ဆီနှင့် စားအုန်းဆီတို့ထက် ဈေးနှုန်းလျော့ချကာ ကုန်သွယ်လျက်ရှိနေသည့်အတွက် အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ်များမှ ဝယ်လိုအားအလွန်မြင့်မားနေသည့် ဝယ်ယူသူများကိုဆွဲဆောင်လျက်ရှိနေကြောင်း ကြေညာခဲ့ပါသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က နေကြာဆီစိမ်း(၁)မက်ထရစ်တန်ကို ကုန်ကျစရိတ်များအားလုံးအပါအဝင် အမေရိကန်ဒေါ်လာ(၉၄၀)ဖြင့်ရရှိခဲ့ပြီး ပဲပိစပ်ဆီနှင့် စားအုန်းဆီတို့မှာ(၁)တန်ကို အမေရိကန်ဒေါ်လာ(၁၀၁၅)နှင့် (၉၅၀)အသီးသီးရှိခဲ့ကြောင်း ကုန်သည်များ၏ ပြောကြားချက်အရသိရပါသည်။

နေကြာဆီသည် ပုံမှန်အားဖြင့် ပဲပိစပ်ဆီနှင့် စားအုန်းဆီတို့ထက် (၁)တန်ကို အမေရိကန်ဒေါ်လာ(၁၀၀)ဈေးပိုကြောင်းသိရပါသည်။ Hyderabad တွင်အခြေစိုက်သည့် အခြားဝယ်ယူသူ တစ်ဦးက နေကြာဆီအဓိကထုတ်လုပ်သည့် ရုရှား၊ ယူကရိန်းနှင့် အာဂျင်တီးနားတို့သည် အပြင်းအထန်ယှဉ်ပြိုင်နေလျက်ရှိကြပြီး နေကြာဆီကို အခြားဆီများထက် ဈေးလျော့ရောင်းချပေးရန် ကမ်းလှမ်းလျက်ရှိကြောင်းနှင့် ၎င်းသည်လည်း နေကြာဆီဝယ်ယူရန်အတွက် စားအုန်းဆီနှင့် ပဲပိစပ်ဝယ်ယူမှုကို လျော့ချနေကြောင်းပြောကြားခဲ့ပါသည်။

ရုရှားနှင့်ယူကရန်းနိုင်ငံတို့သည် ကမ္ဘာလုံးဆိုင်ရာ နေကြာဆီတင်ပို့မှု၏ (၇၀)ရာခိုင်နှုန်းခန့်နေရာယူထားကြောင်းသိရပါသည်။ အိန္ဒိယနိုင်ငံသည် လွန်ခဲ့သည်နှစ်တွင် လစဉ်ပျမ်းမျှ နေကြာဆီ (၂၅၀၀၀၀) တန်ဝယ်ယူခဲ့ပြီး အဓိကအားဖြင့် ရုရှားနှင့်ယူကရိန်တို့ရှိသည့် ပင်လယ်နက်ဒေသဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ အိန္ဒိယနိုင်ငံသည် စားအုန်းဆီကို အဓိကအားဖြင့် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှတင်သွင်းပြီး ပဲပိစပ်ဆီများကို အာဂျင်တီးနား၊ ဘရာဇီးနှင့် အမေရိကန်တို့မှ တင်သွင်းကြောင်းသိရပါသည်။

Source: Bangkok post

Source: https://www.doca.gov.mm

Category: International News