Local News

ဧည့်မထဆန်(ဟောင်း/သစ်)၊ပေါ်ဆန်းမွှေးဆန်နှင့် ဆန်ကွဲ ဈေးများကျဆင်းနေမှုအခြေအနေ

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၂၁.၆.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၉၀၀၀ဝကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၈၅၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၅၀၀ဝ ကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၅၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၅၃၀၀ဝ ကျပ် နှင့် ဖွဲနုတစ်အိတ် ၁၅၉၀ဝ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၂၈.၆.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၈၅၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၂၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၂၅၀၀ဝ ကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၁၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၄၈၀၀ဝ ကျပ် နှင့် ဖွဲနုတစ်အိတ် ၁၅၉၀ဝ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါ သည်။ 
ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၅၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၁၃၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ် အိတ် ၁၀၀၀ဝ ကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၄၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၅၀၀ဝ ကျပ် ဈေးကျဆင်းခဲ့ပြီး ဖွဲနုဈေးများအနေဖြင့် ဈေးတည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထဆန် (မနော သုခ)(ဟောင်း)၊ ဧည့်မထဆန်(မနောသုခ)(သစ်)၊ ပေါ်ဆန်းမွှေးဆန် နှင့်ဆန်ကွဲဈေးများ ကျဆင်း သွားခြင်းမှာ ဆန်သစ်များပေါ်လာခြင်း၊ ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News