Local News

ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် နှမ်းများစတင်ရိတ်သိမ်း၍ဈေးကောင်းရနေမှုအခြေအနေ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းရှိ ရွာခိုင်ကြီး၊ လွန်ကျော်၊ မဿဲ၊ စမြှောင်၊ ပေတော၊ ဒါးဝယ်အင်းကျေးရွာများရှိ တောင်သူများသည် စပါး၊ နှမ်း၊ ကြက်သွန်နှင့် ဝါများကို အဓိကစိုက်ပျိုးကြပြီး၊ ယခုအခါတွင် မတ်လကုန်ပိုင်းက စိုက်ပျိုးထားသည့် နွေနှမ်းများသည် ဇွန်လလယ်တွင် စတင်ရိတ်သိမ်းနေပြီဖြစ်၍ ဈေးကောင်းရနေကြောင်း သိရသည်။

စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျင် ငွေကျပ် ၇ သိန်းခန့်ကုန်ကျပြီး၊ အထွက်နှုန်းမှာ ရေ၊ မြေအနေအထားနှင့် ကိုက်ညီမှုရှိပြီး မြေဆီဖြည့်ပေးမှု အပေါ်တွင် အထွက်နှုန်း ကွာခြားကြောင်း၊ တစ်ဧကလျှင် ပျမ်းမျှ ၁၀ တင်းမှ ၁၂ တင်း ခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကူမဲ၊ မြစ်သား၊ ကျောက်ဆည်ပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး၊ နှမ်းတစ်တင်းလျှင် ယခင်နှစ် က ကျပ် ၁၁၅၀၀၀ မှ ၁၂၀၀၀၀၊ ယခုနှစ်တွင် ကျပ် ၁၄၃၀၀၀ မှ ၁၅၀၀၀၀၊ ယခင်နှစ်ထက် ဈေးကောင်းပိုမိုရရှိ၍၊ အကျိုးအမြတ်များစွာရရှိကြောင်း၊ ဒေသခံတောင်သူများထံမှ သိရသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News