Local News

မော်လမြိုင်မြို့တွင်ဖြစ်ပေါ်နေသော ဒူရင်းသီးနှင့်ကျွဲကောသီးဈေးနှုန်းအခြေအနေ

Last Updated:

မွန်ပြည်နယ်တွင် ဒူးရင်းသီးနှင့် ကျွဲကောသီးများထွက်ရှိလျက်ရှိရာ မော်လမြိုင်မြို့တွင် မေလတတိယပတ်၌ဖြစ်ပေါ်နေသော ဒူးရင်းသီးဈေးနှုန်းများမှာ ယိုးဒယားသီး တစ်ကီလို ၁၈၀၀၀ ကျပ်၊ မြန်မာကိုင်းဆက်သီး တစ်ကီလို ၁၈၀၀၀ ကျပ်၊ မြန်မာသီး(ခြံသီး) နှစ်ကီလိုခွဲ (အကြီး) တစ်လုံး ၁၅၀၀၀ ကျပ်၊ မြန်မာသီး(ခြံသီး) တစ်ကီလိုအထက်(အသေး)တစ်လုံး ၁၀၀၀၀ ကျပ် တို့ဖြစ်ပြီး ကျွဲကောသီးဈေးနှုန်းများမှာ ပန်းရောင်ကျွဲကောသီးအကြီး ၂ကီလိုအထက် တစ်လုံး ၃၀၀၀ ကျပ်၊ ပန်းရောင်ကျွဲကောသီးအငယ် ၂ ကီလိုအောက် တစ်လုံး ၁၀၀၀ ကျပ်၊ ကျွဲကောသီးအဖြူ အကြီး ၂ ကီလိုအရွယ်အစားတစ်လုံး ၂၀၀၀ ကျပ်နှင့် ၂ ကီလိုအောက် အရွယ်အစားတစ်လုံး ၁၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။            

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး 

Category: Local News