ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ မီးလောင်အုပ်စု အင်္ဂလှိုင်ဂန်ကျေးရွာတွင် ပန်းဂေါ်ဖီများ စိုက်ပျိုးထားရှိပြီး လက်ရှိအချိန်တွင် ပန်းဂေါ်ဖီများ စတင်ထွက်ပေါ်၍အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ပန်းဂေါ်ဖီကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ပန်းဂေါ်ဖီကျောက်စိမ်းမျိုးများကို စိုက်ပျိုးကြပြီး စိုက်ပျိုးမှုအနေဖြင့် ပန်းဂေါ်ဖီမျိုးစေ့များကို ပျိုးထောင်၍ ပျိုးပင်သက်တမ်း ၄၅ ရက်သားအရွယ်တွင် စိုက်ပေါင်ပေါ်သို့ ချ၍ စိုက်ပျိုးရကြောင်း၊ မျိုး၊ သွင်းအားစုနှင့် အလုပ်အမားခအပါအဝင် ပန်းဂေါ်ဖီတစ်ဧကလျှင် စုစုပေါင်းငွေကျပ်သိန်း ၂၀ ခန့် ကုန်ကျကြောင်း၊ ပန်းဂေါ်ဖီကို စိုက်ပျိုးပြီး နှစ်လခွဲခန့်အကြာတွင် ခူးဆွတ်နိုင်ပြီး တစ်ဧကလျှင် ပန်းဂေါ်ဖီအပွင့်ရေ ၁၀၀၀၀-၁၂၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ပန်းဂေါ်ဖီအကြီး၊ အလတ်၊ အသေး အရွယ်အစားအပေါ်မူတည်၍ တစ်ပွင့်လျှင် ငွေကျပ် ၈၀၀-၄၀၀-၃၀၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပန်းဂေါ်ဖီတစ်ဧကလျှင် ငွေကျပ်သိန်း ၂၀ ခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းသီးနှံပွဲစားများက စိုက် ခင်းအထိ လာရောက်ဝယ်ယူ၍ ဒေသတွင်း ရောင်းချမှုအပြင် ရန်ကုန်မြို့နှင့် ပြည်မြို့တို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပန်းဂေါ်ဖီစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များရရှိသောကြောင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း ပန်းဂေါ်ဖီစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။
Source: ကြေးမုံသတင်းစာ