ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ငါးကြင်းပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဝါးခယ်မမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဌေးထံမှ သိရသည်။ ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက ငါးကြင်းပိဿာချိန် ၅၃၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ ငါးကြင်းပိဿာချိန် ၆၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ငါးကြင်းများကို ရန်ကုန်ဈေးကွက်မှ မှာယူမှုများပြားလာခြင်းကြောင့် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “ငါးကြင်းတွေကို ရန်ကုန်ဈေးကွက်ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ပထမပတ်က စတင်ဝယ်ယူမှု များပြားခဲ့ပါတယ်။ အခြားငါးတွေလဲ ဝယ်လိုအား တက်လာပြီး ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်သို တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ဝါးခယ်မမြို့နယ်မှ ထွက်ရှိသည့် ငါးကြင်းများ အရောင်းအဝယ်ကောင်းမွန်လာခြင်းကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ၊ ရေလုပ်သားများ၊ ကုန်သည်များ အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ