Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများ ကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ မတ်လ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၂၄ .၅၀၀) သန်းဖြစ်ပြီး (၂၃-၃-၂၀၂၄)ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ (၂၇.၂၃၃)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၁၁၁.၁၅၅ % ) ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၅၇၀၀.၂၅၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၃.၈၁၈)သန်းနှင့် သွင်းကုန်တန်ချိန်(၃၃၁၅.၃၃၁)တန်၊ (၂၁၂၀)U၊ (၈၀၅၀၀)2U၊ (၂၂၅၀)BBL၊ (၃၂၈၁၂.၄၄၀)M2၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁.၈၅၂)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ(၅.၆၇၀) သန်းဖြစ်ပါသည်။

ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ရေထွက်ကုန်ပစ္စည်းအုပ်စုတွင် (၄၀၂၈.၀၉၇)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၃.၅၀၃)သန်း၊ လယ်ယာထွက် ကုန်ပစ္စည်းအုပ်စုတွင် (၁၂၀၀.၀၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၂၇၀)သန်းနှင့် အခြားပစ္စည်းအုပ်စုတွင်(၄၇၂.၁၆၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၄၅)သန်း တင်ပို့နိုင်ခဲ့ပါသည်။ ပို့ကုန်တိုးမြှင့်ရေး အဓိကဆောင်ရွက်လျက်ရှိရာ ပြောင်းသီးနှံအား တစ်ဘက်ထိုင်းနိုင်ငံမှ Quota  ကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ(၁)ရက်မှ ဩဂုတ်လ (၃၁)ရက်နေ့အထိ ခွင့်ပြုထားသဖြင့် မိမိနိုင်ငံ ထွက်ပြောင်းများကို ပင်လယ်ရေကြောင်း ရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်းကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ မတ်လ(၂၃) ရက်နေ့အထိ နယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှရနောင်းသို့ ပြောင်းတန်ချိန်(၇၀၄၄.၀၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၆၁၄)သန်းအား တင်ပို့နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်အတွင်း ငါးဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

စဉ်        အမည်        အရေအတွက်      ဈေးနှုန်း

(၁)     ကဗျက်(100-150 gm)          ၁ ကီလိုဂရမ်   ၀.၉၀၆ ဒေါ်လာ

(၂)     ခွေးလျှာ(100-200 gm)         ၁ ကီလိုဂရမ်   ၀.၇၈၄ ဒေါ်လာ

(၃)     ဆင်နင်း(200-300 gm)         ၁ ကီလိုဂရမ်   ၀.၈၆၈ ဒေါ်လာ

(၄)     တူးခက်         ၁ ကီလိုဂရမ်   ၀.၈၁၀ ဒေါ်လာ

(၅)     ပလာတူး       ၁ ကီလိုဂရမ်   ၀.၉၈၀ဒေါ်လာ

(၆)     ကုလားကုတ်(500-800gm)   ၁ ကီလိုဂရမ်   ၁.၃၅၀ဒေါ်လာ

(၇)     ကျောက်ငါး(1000 gm up)    ၁ ကီလိုဂရမ်   ၁.၉၆၈ဒေါ်လာ

(၈)     ငါးစက္ကူ(1000 gm down)     ၁ ကီလိုဂရမ်   ၁.၃၇၀ ဒေါ်လာ

(၉)     ဘဝဲ(100 gm down)  ၁ ကီလိုဂရမ်            ၁.၈၃၄ ဒေါ်လာ

(၁၀)ပုဇွန်ကြမ်း(71-90)        ၁ ကီလိုဂရမ်   ၅.၂၀၀ ဒေါ်လာ

သွင်းကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ် ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ရင်းနှီးမြှုပ်နှံမှု ပစ္စည်းအုပ်စုတွင် (၂၁၂၀)U၊ (၁၁၄၃.၄၈၈)တန်၊ (၃၂၈၁၂)M2၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၆၆၃) သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် (၈၄၃.၀၆၁) တန်၊ (၂၂၅၀)BBL၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၄၆၈) သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် (၁၃၂၈.၇၈၂) တန်၊ (၈၀၅၀၀)2U ၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၇၂၁)သန်း တင်သွင်းခဲ့ပါသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိ သည်။ (၂၃-၃-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၉၈၀.၄၀) ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ(၁၀၂)ကျပ်ခန့် (၂၂-၃-၂၀၂၄)ရက်နေ့ နှိုင်းယှဉ်လျှင်တည်ငြိမ်လျက် ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၅၀၀) ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၄၄၀၀) ကျပ်ဖြင့် တည်ငြိမ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News