Local News

ဆန်ဈေး အနည်းငယ်ကျဆင်း၊ ဖွဲနုဈေး အနည်းငယ်မြင့်တက်

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ (၂၂.၃.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ) တစ်အိတ် (၇၅၀၀ဝ)ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် (၁၃၀၀၀ဝ) ကျပ်၊ ဆန်ကွဲ(1,2) တစ်အိတ် (၅၅၀၀ဝ)ကျပ်၊ ဆန်ကွဲ (2,3,4) တစ်အိတ် (၅၃၀၀ဝ) ကျပ်နှင့် ဖွဲနုတစ်အိတ် (၁၅၀၀ဝ) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၂၉.၃.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ) တစ်အိတ် (၇၃၀၀ဝ)ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ် (၁၂၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(1,2) တစ်အိတ် (၅၅၀၀ဝ) ကျပ်၊ ဆန်ကွဲ (2,3,4) တစ်အိတ် (၅၃၀၀ဝ)ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၁၅၃၀ဝ) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ 
ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ) တစ်အိတ်(၂၀၀ဝ) ကျပ်နှင့်  ပေါ်ဆန်းမွှေးဆန် တစ်အိတ် (၁၀၀၀ဝ)ကျပ် ဈေးကျဆင်းခဲ့ပြီး ဖွဲနု တစ်အိတ် (၃၀ဝ) ကျပ် ဈေးမြင့်တက်ခဲ့ပါသည်။ ဆန်ကွဲ(1,2)နှင့် ဆန်ကွဲ(2,3,4) အနေဖြင့် ဈေးတည်ငြိမ်လျက်ရှိပြီး ဧည့်မထဆန်နှင့် ပေါ်ဆန်းမွှေးဆန် ဈေးကျဆင်းသွားခြင်းမှာ ဆန်သစ်ပေါ်လာခြင်း၊ ဝယ်လိုအား နည်းခြင်းကြောင့် ဈေးကျဆင်းသွားပါကြောင်းနှင့် ဖွဲနုဈေး မြင့်တက်လာခြင်းမှာ ဝယ်လိုအားကောင်းလာ၍ အဝယ်လိုက်လာခြင်းကြောင့်ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News