Local News

မန္တလေးကုန်စည်ဒိုင်တွင် မြေပဲဆံ အရောင်းအဝယ်အေး ဈေးအေးနေ

Last Updated:

မတ်လ နောက်ဆုံးပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ဧရာဝတီမြစ်ဝကျွန်းဘက်နှင့် မတ္တရာ၊ မြင်းမူ၊ အောင်လံဒေသမှ မြေပဲဆံများဝင်ရောက်နေပြီး ဈေးအေးနေကြောင်း သိရသည်။ မြေပဲ လုံးဆံများကို တရုတ်ဝယ်လက်မှ ဝယ်ယူမှုအေးခြင်းကြောင့် မြေပဲဆဲ တစ်ပိဿာလျှင် ကျပ် ၁၀၀ မှ ၁၀၀၀ ထိ နိမ့်ကျလာပြီး၊ ဆီဆန်ကို ဆီစက်သမားများမှ ဝယ်ယူမှု အေးနေသောကြောင့် S1 ဆီဆံ တစ်ပိဿာလျှင် ယခင်တစ်ပတ်ထက် ကျပ်  ၈၀၀ မှ ၁၅၀၀ ထိ နိမ့်ကျလာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။
မြေပဲလုံးဆံ(နီ) တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၆၈၀၀ မှ ၇၃၀၀၊ ယခင်အပတ် ကျပ် ၇၀၀၀ မှ ၈၀၀၀၊ ယခင်လကျပ် ၇၈၀၀ မှ ၈၃၀၀ ဖြစ်ခဲ့သည်။ ယခင်အပတ်ထက်ကျပ် ၂၀၀ မှ ၁၀၀၀၊ ယခင်လထက် ကျပ် ၁၀၀၀ နိမ့်ကျလာသည်။
မြေပဲလုံးဆံ (ဖြူ) တစ်ပိဿာ ဈေးနှုန်းများမှာ ယခု တစ်ပတ် ကျပ် ၆၆၀၀ မှ ၇၁၀၀၊ ယခင်အပတ်ကျပ် ၆၇၀၀ မှ ၇၁၀၀၊ ယခင်လကျပ် ၇၂၀၀ မှ ၇၄၀၀ ဖြစ်ခဲ့သည်။ ယခင်အပတ် ထက် ကျပ် ၁၀၀၊ ယခင်လထက်ကျပ် ၃၀၀ မှ ၆၀၀ နိမ့်ကျလာသည်။
S1 ဆီဆံ တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၆၀၀၀ မှ ၆၁၀၀၊ ယခင်အပတ်ကျပ် ၆၀၀၀ မှ ၆၁၀၀၊ ယခင်လကျပ် ၆၈၀၀ မှ ၇၆၀၀ ဖြစ်ခဲ့သည်။ ယခင်အပတ်အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၈၀၀ မှ ၁၅၀၀ နိမ့်ကျလာသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News