တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် အများဆုံးပို့ကုန်ပစ္စည်းများမှာပြောင်း၊ ပုဇွန်ဖွဲ၊ ကြက် သွန်ဖြူ၊ ကြေးနီ၊ ကတ္ထူစက္ကူ၊ ရော်ဘာ၊ ဇီးသီးစေ့ဖြစ်ပြီးယင်းပစ္စည်းများအနက် ပြောင်းနှင့် ပုဇွန်ဖွဲများ ပိုမိုတင်ပို့လျက်ရှိသည်။ ပြောင်းသီးနှံအားရှမ်းပြည်နယ်(တောင်ပိုင်း) သယ်ယူတင်ပို့လျက်ရှိရာ ယခုသီတင်းပတ်တွင် ပြောင်းဈေးမှာတစ်တန်လျှင်ဈေးနှုန်းမှာ (၈၇၇၈၀၀)ကျပ်ဖြင့် တန်ချိန်(၆၁၈၃.၈၀၅)တန် တင်ပို့နိုင်ခဲ့ပြီး သယ်ယူစရိတ်မှာ ကားခတစ်ပိသာ(၁၈၀)ကျပ် ကုန်ကျခဲ့သည်။ ပုဇွန်ဖွဲအားရန်ကုန်မှ သယ်ယူတင်ပို့လျက်ရှိရာယခုသီတင်းပတ်တွင် ပုဇွန်ဖွဲဈေးနှုန်းမှာ တစ်တန်လျှင်(၁၀၀၈၀၀၀)ကျပ်ဖြင့် တန်ချိန်(၃၈၈)တန် တင်ပို့နိုင်ခဲ့ပြီး သယ်ယူစရိတ်မှာ ကားခ တစ်ပိသာ(၃၃၀)ကျပ် ကုန်ကျသည်။ ပြင်ပငွေလဲနှုန်းအနေဖြင့် ကျပ်(၁)သိန်းလျှင် (၁၁၇၅) ဘတ် ဖြစ်ပေါ်ခဲ့သည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် အများဆုံးသွင်းကုန်ပစ္စည်းများမှာ စက်သုံးဆီ၊ ဘိလပ်မြေ၊ စက်သုံးဆီ၊ အုတ်၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ ၊ ကာဗွန်ပုံဆောင်ခဲ ၊ ကွန်ကရစ် အမိုး၊ ကြွေပြား၊ ကွန်ကရစ်အပြား၊ သွပ်ပြားတို့ဖြစ်ပြီးယင်းပစ္စည်းများအနက် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ တင်သွင်းလျက်ရှိသည်။ ဘိလပ်မြေကို ယခုသီတင်း ပတ်တွင် တစ်တန် ဈေးနှုန်း(၂၂၀၀၀၀)ကျပ်ဖြင့် (၅၈၇၃)တန်ချိန် တင်သွင်းခဲ့သည်။ အဆင်းကုန် သယ်ယူစရိတ်မှာတာချီလိတ်မှ ကျိုင်းတုံသို့ ကုန်ကျစ်ကားခတစ်ပိသာ (၃၅)ကျပ်နှင့် ကုန်ပွ တစ်ပိသာ(၅၀)ကျပ် ကုန်ကျခဲ့သည်။
Source: https://commerce.gov.mm