Local News

မောတောင်ကုန်သွယ်ရေးစခန်းမှ ဂဏန်းအရှင် တင်ပို့မှုအခြေအနေ နှင့် ငွေလဲနှုန်း

Last Updated:

         တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ဂဏန်းများအား မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံဘက်သို့ ပုံမှန်တင်ပို့လျက်ရှိသည်။ ပုံမှန်အားဖြင့် ဂဏန်းဖမ်းဆီးမှုအား (၁) ပတ်ဖမ်း၊ (၁)ပတ်နားစနစ် ဖြင့် ဖမ်းယူကြပြီး ဖမ်းဆီးရမိသည့် ဂဏန်းများအား နေ့ချင်းတင်ပို့မှုများရှိသကဲ့သို့ ရက်ပိုင်းခေတ္တထိန်းသိမ်းထားပြီးမှ တင်ပို့မှုများလည်းရှိသည်။

          ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံဘက် သို့ ဂဏန်းမဲအရှင် (Live Mud Crab) (18700 KG) ခန့်တင်ပို့နိုင်ခဲ့သည်။   လက်ရှိပေါက်ဈေးအနေဖြင့် ဏန်းမဲအရှင် (1) KG လျှင် (141.67) ဘတ် ရရှိလျက်ရှိသည်ကို တွေ့ရှိရသည်။

Source: https://commerce.gov.mm

Category: Local News