Local News

ဥယျာဉ်ဇင်ကျေးရွာ၌ တိုင်ထောင်ပဲ စိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ

Last Updated:

 မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ဥယျာဉ်ဇင်ကျေးရွာ၌ စပါး၊ နှမ်း၊ ပဲနှင့်ဥယျာဉ်ခြံသီးနှံများကို အဓိကထားစိုက်ပျိုးကြကြောင်း၊ ဥယျာဉ်ဇင်ကျေးရွာတွင် တိုင်ထောင်ပဲကို လယ်ကန်သင်းဘေးတွင် တိုင်ထောင်၍ စိုက်ပျိုးခြင်း၊ အခြားသီးပင်စားပင်များနှင့်ရော၍ စိုက်ပျိုးခြင်း၊ သီးသန့်စိုက်ပျိုးခြင်းစသည်ဖြင့် စိုက်ပျိုးကြကြောင်း၊ တိုင်ထောင်ပဲ စိုက်ပျိုးရာတွင် တစ်ဧကလျှင် တိုင်ထောင်ပဲမျိုး ၃ ပြည်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ကျပ် ၆၀၀,၀၀၀ ခန့်ကုန်ကျ၍ စိုက်ပျိုးပြီး ၂ လခန့်အကြာတွင် တိုင်ထောင်ပဲများကို စတင်ခူးဆွတ်၍ ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် မင်းဘူးမြို့သို့ တင်ပို့ရောင်းချပြီး အရောင်းအဝယ်အဆင်ပြေလျက်ရှိကြောင်း တိုင်ထောင်ပဲစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News