Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မေလ (၂၂) ရက်နေ့မှ (၂၆) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၄၉၂၂)သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၅၀၀) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ  (၀.၅၄၂၂) သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ မေလ(၁၅) ရက်နေ့မှ (၁၈) ရက်နေ့အထိ လယ်ယာထွက်ကုန်ပစ္စည်းအနေဖြင့် ငရုတ်သီး (၉.၆) တန်၊ တန်ဖိုး (၀.၀၀၇၃) ဒေါ်လာသန်း၊ ငှက်ပျောသီး (၃၀) တန်၊ တန်ဖိုး (၀.၀၀၈၉) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၃၃၇.၃၄၀) တန်၊ တန်ဖိုး (၀.၄၇၂၂) ဒေါ်လာသန်း၊ သစ်တောထွက်ပစ္စည်း အနေဖြင့် ဓနိဖက် (၆.၇၅) တန်၊ တန်ဖိုး (၀.၀၀၀၉) ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်းအနေဖြင့် တံမြက်စည်း (၁၅၀၀၀) ချောင်း၊ တန်ဖိုး (၀.၀၀၂၉) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် သစ်သီး (၁၆.၅) တန်၊ တန်ဖိုး (၀.၀၀၅၀) ဒေါ်လာသန်း ၊ငါးသေတ္တာဘူးခွံ (၅) တန်၊ တန်ဖိုး (၀.၀၀၁၆) ဒေါ်လာသန်း၊ အမွှေးဆီ (၃၇.၉၀၈)တန်၊ တန်ဖိုး (၀.၀၄၃၄) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းများမှာ ငါးမျိုးစုံ (၉၂၅.၆၈၉) ဒေါ်လာနှုန်း၊ ပုစွန် (၁၅၂၈၇.၄၉၄) ဒေါ်လာနှုန်း၊ ကဏန်း (၁၇၈၄.၆၃၇) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၇၂၄.၅၆၃) ဒေါ်လာနှုန်း၊ ငရုတ်သီး (၄၂၀.၄၁၆) ဒေါ်လာနှုန်း၊ ငှက်ပျောသီး (၂၉၇) ဒေါ်လာနှုန်း၊ ဓနိဖက် (၁၃၄)  ဒေါ်လာနှုန်း ဖြစ်ပါသည်။ မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ - သစ်သီး (၃၀၃) ဒေါ်လာနှုန်း၊ ငါးသေတ္တာဘူးခွံ (၃၂၀) ဒေါ်လာနှုန်း၊ အမွှေးဆီ (၁၁၄၅) ဒေါ်လာနှုန်း  ဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News