Local News

မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မေလ (၂၁) ရက်နေ့မှ (၂၅) ရက်နေ့အတွင်း ပို့ကုန် ငါးကြိတ်သား (၁) တန်လျှင် (၁၈၂၃) ဒေါ်လာနှုန်းဖြင့် (၁၄.၄) တန် ၊ တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်းအား ကားလမ်းကြောင်းဖြင့် လည်းကောင်း၊ ပြောင်း (၁) တန်လျှင် (၂၂၄) ဒေါ်လာနှုန်းဖြင့် (၁၂၀၀) တန် ၊ တန်ဖိုး (၀.၂၆၉) ဒေါ်လာသန်း၊ ခဲသတ္တု (၁) တန်လျှင် (၁၄၇၀၆) ဒေါ်လာနှုန်းဖြင့် (၃၃.၁၇၆) တန်၊ တန်ဖိုး (၀.၄၈၈) ဒေါ်လာသန်းအား ရေလမ်းကြောင်းဖြင့်လည်းကောင်း စုစုပေါင်းပို့ကုန်တန်ဖိုး(၀.၇၈၃)ဒေါ်လာသန်းအား ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေး စခန်းအထိကုန် (၁)တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မေလ (၂၁)ရက်နေ့မှ (၂၅)ရက်နေ့အတွင်း သွင်းကုန် ဒီဇယ်ဆီ (၁) တန်လျှင် (၈၈၁) ဒေါ်လာနှုန်းဖြင့် (၁၃၀၀) တန်၊ တန်ဖိုး (၁.၁၄၅) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၆၄၇.၉၀၂) တန်၊ (၆၀၈၁၈.၃၂) M2၊ (၁၄၈၉) U၊ တန်ဖိုး (၀.၃၀၇) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း (၄၃.၀၇၄)တန်၊ (၁၃၁) U၊ တန်ဖိုး (၀.၁၄၁) ဒေါ်လာသန်း စုစုပေါင်းသွင်းကုန်တန်ဖိုး(၁.၅၉၃)ဒေါ်လာသန်း အားတင်သွင်းနိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News