International News

တရုတ်နိုင်ငံသို့ ဗီယက်နမ်နိုင်ငံမှ ဂုံးနှင့်ကမာတင်ပို့မှုသည် အဆ(၁၂၀)နီးပါးမြင့်တက်လာ

Last Updated:

တရုတ်နိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ဂုံးနှင့်ကမာတင်ပို့မှုမြင့်တက်လာပြီး ယခုနှစ် ပထမငါးလအတွင်း စုစုပေါင်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂.၇သန်းကျော်ရရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် (၁၁၉)ဆ နီးပါးတိုးတက်လာခဲ့သည်။ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြားကုန်သွယ်မှုအေဂျင်စီမှ ပံ့ပိုးပေးသော တရုတ်အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ တရုတ်နိုင်ငံရှိ ဗီယက်နမ်နိုင််ငံ၏ ဈေးကွက်ဝေစုသည် ယမန်နှစ်(၀.၂)ရာခိုင်နှုန်းမှ ယခုနှစ်မေလတွင်  ၁၉.၁ ရာခိုင်နှုန်းသို့ သိသိသာသာတိုးလာခဲ့သည်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅ သန်းကျော်အထိရောက်ရှိခဲ့ကာ အခြား ပင်လယ်စာများနှင့် အအေးခံခရုများတင်ပို့မှုမှာလည်း သိသိသာသာမြင့်တက်လာပြီး ယခင်နှစ် အလားတူကာလ၏ တင်ပို့ခဲ့သောပမာဏထက် (၈၂)ဆနီးပါးမြင့်တက်လာခဲ့သည်။

လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကမာကောင်များအတွက် ဟတ်တာ ၄၁၅၀၀ ကျော်မြှုပ်နှံထားပြီး အဓိကတင်ပို့သော ငါး၊ ပုစွန်များမှာ နှစ်စဉ် တန်ချိန် ၂၆၅၀၀၀ခန့်ထွက်ရှိကာ ဂုံးတန်ချိန် ၁၇၉၀၀၀ထွက်ရှိကြောင်းသိရသည်။ ဂုံးနှင့်ကမာကောင်များတင်ပို့မှုသည် တရုတ်နိုင်ငံမှလွဲ၍ အခြားနိုင်ငံများသို့ တင်ပို့မှုမြင့်တက်လာခဲ့ပြီး ပထမ(၅)လအတွင်း အမေရိကန်ဒေါ်လာ ၃၆သန်းနီးပါးရောက်ရှိခဲ့ကာ ယမန်နှစ်ထက် ၈.၂ ရာခိုင်နှုန်းတိုးလာကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ဗီယက်နမ်ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်းမှာ ဤတိုးတက်မှုသည် bivalve ပင်လယ်စာဝယ်လိုအားမြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး ကုန်ကြမ်းများလုံလောက်စွာထောက်ပံ့မှုရှိနေပါက ဤဝယ်လိုအားဆက်လက်တိုးလာမည်ဖြစ်ကြောင်းတင်ပြခဲ့သည်။ ထို့ပြင် ဗီယက်နမ်ပုစွန်သားပေါက်များကို တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းမှုသည် ယခုနှစ် ပထမ(၅)လအတွင်း သိသိသာသာတိုးလာခဲ့သည်။ ဗီယက်နမ်နိုင်ငံမှ ကျောက်ပုစွန်များနှင့် အခြားပုစွန်များကို တရုတ်နိုင်ငံသို့တင်ပို့မှုမှာ ယခုကာလအတွင်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၉.၆ သန်းရှိပြီး ယခင်နှစ်ထက် ၃၂ဆတိုးလာခဲ့သည်။ တရုတ်နိုင်ငံရှိ ဗီယက်နမ်ကျောက်ပုစွန်များအတွက် ဈေးကွက်ဝေစုသည် ယမန်နှစ်၏ ၁ရာခိုင်နှုန်းမှ ၂၅.၃ ရာခိုင်နှုန်းသို့ ခုန်တက်သွားသည်။

ထို့ပြင် အေးခဲကျောက်ပုစွန်တင်ပို့မှုမှာ စုစု‌ပေါင်းအမေရိကန်ဒေါ်လာ ၃.၄သန်းနီးပါးရှိပြီး ၆၈၂ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ သို့သော်လည်း ဗီယက်နမ်အေးခဲငါးခူအသားလွှာများ၊ တရုတ်နိုင်ငံသို့ ငါးခြောက်နှင့် အေးခဲပုစွန်များကဲ့သို့သော အခြားပင်လယ်စာထွက်ကုန်များတင်သွင်းမှုမှာ လျော့နည်းသွားခဲ့သည်။ မေလတွင် ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံသို့ တင်ပို့မှုတန်ဖိုး ကန်ဒေါ်လာ ၉၁.၁ သန်းဖြင့် စတုတ္ထအကြီးဆုံး ပင်လယ်စာတင်သွင်းသူအဖြစ်ရပ်တည်ခဲ့ပြီး ယမန်နှစ်ထက် ၁၈.၂ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။

နိုင်ငံခြားကုန်သွယ်မှုအေဂျင်စီ၏အဆိုအရ တရုတ်နိုင်ငံ၏စုစုပေါင်းတင်သွင်းမှုတွင် ဗီယက်နမ်ပင်လယ်စာထုတ်ကုန်များ၏ ဈေးကွက်ဝေစုသည် ၂၀၂၄ ခုနှစ် ပထမ(၅)လအတွင်း ကုန်ပစ္စည်းတချို့၏ တန်ဖိုးကျဆင်းသွားသော်လည်း ၂၀၂၃ ခုနှစ်၏ အလားတူကာလနှင့်နှိုင်းယှဉ်ပါက မြင့်တက်လာခဲ့သည်။

Source: vnexpress

Source: https://www.doca.gov.mm

Category: International News