Local News

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများအတွက် သွင်းအားစုများ ပံ့ပိုးပေးသဖြင့် မိုးစပါးများ အောင်မြင်လျက်ရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၌ သမဝါယမဦးစီးဌာန၏ အစီအစဉ်ဖြင့် သမဝါယမအသင်းသား တောင်သူများသို့ မိုးစပါးများ စိုက်ပျိုးရန်အတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိရာ ဖျာပုံမြို့နယ် ဒေးဒလူကျေးရွာအုပ်စုဘုန်းကြီးသောင်ကျေးရွာ ရွှေပြည်ရန်နိုင် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသားများ၏ စိုက်ဧက ၉၀ အတွက် ပံ့ပိုးငွေကျပ် ၁၈ သန်းနှင့် ညီမျှ သောသွင်းအားစုများ ဖြစ်သည့် ကောမက်(ပုလဲ) ၉၇ အိတ်၊ အာမို(ပိုတက်) အိတ် ၅၀ နှင့် ပေါင်းသတ်ဆေးများအား ပံ့ပိုးပေးခဲ့သည်။ အဆိုပါ သမဝါယမအသင်းသားတောင်သူများ၏ လယ်မြေများတွင် တောင်ပျံစပါးများ စိုက်ပျိုးထားရှိပြီး မိုးစပါးစိုက်ပျိုးရာသီတွင် သွင်းအားစုများ အချိန်မီပံ့ပိုးပေးသဖြင့် မိုးစပါးများအထွက်နှုန်း ပိုမိုကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Source: မြန်မာ့အလင်း သတင်းစာ

Category: Local News