ကြက်သွန်နီ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၁၈၅၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၅၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၁၀၀၀ ၊ ဆိပ်ဖြူလတ်ချော ကျပ် ၄၅၀ ၊ မုံရွာသစ်ရှယ် ကျပ် ၁၈၀၀ ၊ မုံရွာလတ်ကြီး ကျပ် ၁၄၅၀ ၊ မုံရွာလတ်သန့် ကျပ် ၉၅၀ နှင့် မုံရွာလတ်ချော ကျပ် ၄၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၅၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၅၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၅၀ ၊ ဆိပ်ဖြူလတ်ချော ကျပ် ၅၀ ၊ မုံရွာသစ်ရှယ် ကျပ် ၁၀၀၊ မုံရွာလတ်ကြီး ကျပ် ၅၀ နှင့် မုံရွာလတ်သန့် ကျပ် ၅၀ အသီးသီးဈေးကျဆင်းခဲ့သည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၅၀ စီး(၉၀၀,၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ် တွင် ကားစီးရေ ၁၀၅ စီး (၆၃၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီး ရေ ၄၅ စီး (၂၇၀,၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။
ကြက်သွန်ဖြူ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်မြို့နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်(ရှယ်) ကျပ် ၁၁၀၀၀၊ အောင်ပန်းထူး -၂ ကျပ် ၃၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၄၅၀၀ ၊ အောင်ပန်းထူး-၄ ကျပ် ၅၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၆၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြက်သွန်ဖြူများဈေးငြိမ် လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ်ရေ ၂၈၀၀ (၆၄,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူ အိတ်ရေ ၃၅၀၀ (၁၀၅,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ် ၇၀၀ (၂၁,၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ ကြောင်း သိရသည်။
အာလူး
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ အောင်ပန်းမြို့နှင့် တရုတ်မှ အာလူးများနေ့စဉ် ဝင်ရောက်လျက်ရှိရာ အာလူး (တစ်ပိဿာ) ဈေးနှုန်းများမှာ အောင်ပန်း OK ကျပ် ၅၅၀၀၊ အောင်ပန်း S1 ကျပ် ၆၀၀၀၊ အောင်ပန်း S2 ကျပ် ၆၈၀၀ နှင့် တရုတ်အာလူး ကျပ် ၆၇၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အာလူးများဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ အာလူးဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၂၇ စီး (၁၆၂,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင်လည်း ကားစီးရေ ၂၀ စီး( ၁၂၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၇ စီး ( ၄၂,၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး