မြိတ်မြို့တွင် အိမ်တွင်းမှုလုပ်ငန်းအဖြစ် တံမြက်စည်းလုပ်ငန်းကို တစ်နိုင်တစ်ပိုင်ပြုလုပ်ရောင်းချကြသလို စီးပွားဖြစ်လုပ်ငန်းလုပ်ကိုင်ကြသူများလည်း ရှိပါသည်။ တံမြက်စည်းကို အမျိုးမျိုးပြုလုပ်ကြပြီး ဒေသတွင်းရောင်းချကြသလို အခြားနေရာမှ တင်သွင်း၍ ပြန်လည်ရောင်းချသူများလည်း ရှိပါသည်။ ပြည်တွင်းထုတ်တံမြက်စည်းသည် အုန်းခက်နှင့် တံမြက်စည်းပင်များကို အသုံးပြု၍ အခြားဒေသနှင့်ပြည်ပသို့ပါ တင်ပို့ရောင်းချကြပါသည်။ အခြားဒေသများမှ ဝယ်ယူရောင်းချရာတွင် အမွေးမကျွတ်တံမြက်စည်းနှင့် ပလပ်စတစ်တံမြက်စည်းများကို အများဆုံးဝယ်ယူရောင်းချကြသည်။ ဒေသတွင် တံမြက်စည်းထုတ်လုပ်၍ ရောင်းချနေသော စျေးနှုန်းအရ တစ်ချောင်းလျှင် ၃၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်ခန့်အထိရှိပြီး အမွေးမကျွတ် တံမြက်စည်းနှင့် ပလပ်စတစ်တံမြက်စည်းများမှာမူ တစ်ချောင်း လျှင် ၇၀၀၀ ကျပ်ခန့်မှ ၁၀၀၀၀ ကျပ်ခန့်အထိ စျေးရှိကြောင်း သိရှိရပါသည်။
Source: https://www.doca.gov.mm
သန့်ရှင်းရေးသုံး တံမြက်စည်းများနှင့် စျေးနှုန်းစျေးကွက်
Category:
Local News