ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ဒေသထွက်ကုန် နာနတ်သီးများ ဝယ်လိုအား ကောင်းပြီး အရောင်း အဝယ်ကောင်းမွန်နေကြောင်း နာနတ်သီး ရောင်းဝယ်လုပ်ကိုင်သူများထံမှ သိရှိရပါသည်။
ကျိုင်းတုံမြို့တွင် ဒေသထွက် နာနတ်သီးများသည် မေလမှ စတင်ကာ အရောင်းအဝယ် ကောင်းမွန်နေကြောင်း သိရပြီး တစ်ရက်လျှင် နာနတ်သီးအလုံးရေ (၂၀၀၀) မှ (၃၀၀၀) ထိ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကျိုင်းတုံမြို့မဈေး၌ သစ်သီးရောင်းဝယ်လုပ်ကိုင်သူများထံမှ သိရှိရပါသည်။
ယခု ၂၀၂၅ ခုနှစ်တွင် ကျိုင်းတုံမြို့မဈေး၌ ရောင်းတန်းဝင် နာနတ်သီးတစ်လုံးလျှင် အကြီးအသေးပေါ်မူတည်၍ လက်ကားဈေး (၂၀၀၀-၃၀၀၀) ကျပ်ခန့်၊ လက်လီဈေး (၄၀၀၀-၅၀၀၀) ကျပ်ခန့်ထိ ရောင်းချကြပါသည်။ ကျိုင်းတုံမြို့တွင် ထွက်ရှိသော နာနတ်သီးများသည် အရည်အသွေး ကောင်းမွန်ပြီး ဓာတုဆေးကင်းလွတ်၍ ကျန်းမာရေးနှင့် ညီညွတ်ခြင်းကြောင့် အရောင်းအဝယ်ကောင်းပြီး နှစ်ရှည်နာနတ်သီး တစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့် တောင်သူများ ဝင်ငွေရရှိနေကြောင်း သိရပါသည်။
Source: https://www.doca.gov.mm
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ နာနတ်သီးဈေးကွက်
Category:
Local News