International News

ရုရှားနိုင်ငံဒီဇယ် ဝယ်ပြီး ပြည်တွင်းထုတ်ဒီဇယ် အာရှသို့ တင်ပို့ခြင်းမှ ဆော်ဒီဝင်ငွေများ စံချိန်တင် ရရှိ

Last Updated:

      ဆော်ဒီအာရေဗျနိုင်ငံသည် ရုရှားနိုင်ငံမှ စျေးပေါသော ဒီဇယ်ဆီများ စံချိန်တင် ပမာဏတင်သွင်းပြီး အာရှသို့ ၎င်း၏ကိုယ်ပိုင် ဒီဇယ်ဆီများကို စံချိန်တင် တင်ပို့နေသည်။ အီးယူသည် ရုရှားနိုင်ငံရေနံထွက်ကုန်များ ပင်လယ်ရေကြောင်းမှ တင်သွင်းမှုအပေါ်  ပိတ်ဆို့အရေးယူမှု ပြဋ္ဌာန်းလိုက်သောအခါ ရုရှားနိုင်ငံသည် ဆော်ဒီအာရေဗျနိုင်ငံသို့ ယခုနှစ်အစောပိုင်းတွင် ဒီဇယ်များ စတင်တင်ပို့ခဲ့သည်။ ယခု မေလတွင် ဆော်ဒီအာရေဗျနိုင်ငံသည် ရုရှားနိုင်ငံမှ ဒီဇယ်စည်ပေါင်း ၃.၇ သန်းအထိ တင်သွင်းရန် မျှော်မှန်းထားသည်။ တစ်ခါမှ မကြုံစဖူး အမြင့်မားဆုံး ပမာဏ ဖြစ်သည်။ ယခု မေလတွင် ဆော်ဒီအာရေဗျနိုင်ငံသည် စင်ကာပူနိုင်ငံသို့ ဒီဇယ်တန်ချိန် ၄ သိန်းအထိ တင်ပို့ရန် ရည်မှန်းထားသည်။

     အီးယူနိုင်ငံက ရုရှားနိုင်ငံလောင်စာဆီရောင်းချမှု ပိတ်ဆို့ပြီးနောက် ဆော်ဒီအာရေဗျနိုင်ငံသည် ဒီဇယ်ရောင်းဝယ်မှုမှ ငွေဝင်လမ်း ဖြောင့်နေသည်။ ကမ္ဘာပေါ်တွင် ရေနံစိမ်း အများဆုံးတင်ပို့သည့် ဆော်ဒီအာရေဗျနိုင်ငံသည် ဈေးချိုသည့် ရုရှားနိုင်ငံဒီဇယ်များ စံချိန်တင် တင်သွင်းပြီး ပြည်တွင်းထုတ် ဒီဇယ်များကို ဈေးအမြင့်ဖြင့် စင်ကာပူမှတစ်ဆင့် အာရှဈေးကွက်ထဲသို့ တင်ပို့နေသည်။ ရုရှားနိုင်ငံမှ တင်သွင်းသည့် ဒီဇယ်များတွင် အများစုကို ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ အပါအဝင် ယခင် ပြည်တွင်းထုတ်ဒီဇယ် သုံးစွဲနေသည့်နေရာများကို ရုရှားဒီဇယ်ဖြင့် အစားထိုးသုံးစွဲပါသည်။
Source: https://www.industrialdirectory.com.mm/article/saudi-arabia-is-profiting.html

Category: International News