International News

တိုကျိုမြို့တွင် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုး ယန်း ၁,၀၀၀ တိုးမြှင့်ကောက်ခံ

Last Updated:

မြန်မာသံရုံး၊ တိုကျိုမြို့တွင် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးဆောင်ရွက်သည့် ကိစ္စနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း

၁။ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် လက်ရှိတွင် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းတိုးမြှင့်ခြင်းအတွက် ဂျပန်ယန်းငွေ (၄၀၀၀) ကောက်ခံ၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။ ယခုအခါ မြန်မာနိုင်ငံကူးလက်မှတ် MH ဖြင့် စတင်မည့် သာမန်မြန်မာနိုင်ငံကူးလက်မှတ်များ၏ လုံခြုံရေးအဆင့်အတန်းအား အဆင့်မြှင့်တင်ထားပြီး စာအုပ်တန်ဖိုးနှုန်းထားအား တိုးမြင့်ကောက်ခံရန် သက်ဆိုင်ရာမှ ညှိနှိုင်းအကြောင်းကြားလာပါသဖြင့် MH ဖြင့် ထုတ်ပေးမည့် မြန်မာနိုင်ငံကူးလက်မှတ် များအတွက်  ၁-၆-၂၀၂၃ ရက် (ကြာသပတေးနေ့) မှ စတင်၍ ဂျပန်ယန်းငွေ (၅၀၀၀) သို့ ပြောင်းလဲ ကောက်ခံသွားမည်ဖြစ်ပါကြောင်းနှင့် သက်တမ်းလွန်ဒဏ်ကြေး၊ နှစ်ကျော်ဒဏ်ကြေးနှင့် စာအုပ် ပျောက်ဆုံးမှုဒဏ်ကြေးများကို ယခင်အတိုင်း အပြောင်းအလဲမရှိဘဲ ကောက်ခံသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

မြန်မာသံရုံး တိုကျိုမြို့
၂၀၂၃ ခုနှစ် မေလ ၃၀

source: https://www.industrialdirectory.com.mm/

Category: International News