Local News

ဧည့်မထဆန်(သစ်)၊ ဆန်ကွဲB(2,3,4)၊ ဖွဲနုဈေးများ အနည်းငယ်ကျဆင်း

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၂၄.၅.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၉၀၀၀ဝ ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်) တစ်အိတ် ၇၅၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၃၀၀ဝကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၅၁၀၀ဝ ကျပ် နှင့် ဖွဲနု တစ်အိတ် ၁၅၃၀ဝ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၃၁.၅.၂၀၂၄) ရက် နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၉၀၀၀ဝ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၄၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ် ၁၃၀၀၀ဝ ကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၃၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ် အိတ် ၄၉၀၀ဝ ကျပ် နှင့် ဖွဲနုတစ်အိတ် ၁၅၀၀ဝ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ 
ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၁၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၂၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၃၀ဝ ကျပ် ဈေးကျဆင်းခဲ့ ပါသည်။ ဧည့်မထဆန်(မနောသုခ)(ဟောင်း)၊ ပေါ်ဆန်းမွှေးဆန်နှင့် ဆန်ကွဲ B (1,2) ဈေးများအနေဖြင့် ဈေးတည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)(သစ်)၊ ဆန်ကွဲ B(2,3,4)နှင့် ဖွဲနု ဈေးကျဆင်းသွားခြင်းမှာ ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News