Local News

နှမ်းအငြိမ်စျေးဖြင့် အရောင်းအဝယ်ဖြစ်နေ

Last Updated:

အောင်လံကုန်စည်ဒိုင်တွင် နှမ်းနက်(စမုံ)၊ နှမ်းပြာ/နက်၊ နှမ်းဖြူနှင့်နှမ်းနီစသည့် နှမ်းမျိုးစုံတို့ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အောင်လံဒေသသည် နှမ်းနက်(စမုံ) အဓိကစိုက်ပျိုး ထွက်ရှိရာဒေသတစ်ခုလည်းဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ နှမ်းနက်(စမုံ) စိုက်ပျိုးထွက်ရှိရာ နေရာများမှလည်း အောင်လံကုန်စည်ဒိုင်သို့ လာရောက်ကာ အရောင်းအဝယ်ပြုလုပ်ကြကြောင်း သိရှိရ သည်။ 
နှမ်းနက်(စမုံ)သည် ပို့ကုန်အများဆုံးတင်ပို့သည့် သီးနှံဖြစ်ပြီး ကျန်နှမ်းများမှာ ပြည်တွင်းစားသုံးရန်အတွက် ဆီကြိတ်သည့်လုပ်ငန်းများ၊ နှမ်းလှော်လုပ်ငန်းများနှင့် နှမ်းယိုလုပ်ငန်းများ စသည့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြသည်ကို တွေ့ရှိရသည်။ 
အောင်လံကုန်စည်ဒိုင်နှမ်းစျေးများမှာ ၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလဆန်းပိုင်းမှစ၍ နှမ်းနက် (စမုံ) ၄၅ ပိဿာ ၃ တင်းဝင်တစ်အိတ် ကျပ်(၃၈၀၀၀၀)၊ နှမ်းပြာ/နက် ၄၅ ပိဿာ ၃ တင်းဝင် တစ် အိတ် ကျပ်(၃၄၀၀၀၀)၊  နှမ်းဖြူ ၄၅ ပိဿာ ၃ တင်းဝင်တစ်အိတ် ကျပ်(၃၅၀၀၀၀)၊ နှမ်းနီ ၄၅ ပိဿာ ၃ တင်းဝင်တစ်အိတ် ကျပ်(၃၄၀၀၀၀)တို့ဖြင့် စျေးငြိမ်လျက်ရှိရာ ယခုလက်ရှိမေလအထိ စျေးငြိမ် ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း ကုန်စည်ဒိုင်သတင်းများအရ သိရှိရသည်။  

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News