Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်လကုန်ပတ်နှင့် ယခုလကုန်ပတ် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

မေလနောက်ဆုံးပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ပဲကြီး၊ ပဲယင်းဝါဈေးနှုန်း ကျဆင်းနေပြီး၊ ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ မတ်ပဲ၊ ပဲတီစိမ်းကြီး၊ ပဲတီစိမ်းသေး၊ ပဲစင်းငုံ၊ ပဲနီလုံးရိုးရိုး၊ ပဲနီလုံးကြား၊ ပုဂံပဲ၊ မြေထောက်ပဲဖြူ၊ ပြောင်းနီ၊ ထောပတ်ပဲ၊ ပြောင်းဖူးစေ့၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲ 929 ၊ ကုလားပဲ ထိုင်ဝမ် ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ ယခုလနောက်ဆုံးပတ်အတွင်း သီးနှံတစ်တင်း ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၅၂၀၀၀ ကျပ်၊ ဂျုံထွက်တိုး ၄၅၀၀၀ ကျပ်၊ ပဲကြီး ၈၂၀၀၀-၈၅၀၀၀ ကျပ်၊ မတ်ပဲ ၉၆၀၀၀-၁၀၀၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး (သ) ၆၃၅၀၀ ကျပ်၊ ပဲတီစိမ်းသေး ၅၀၀၀၀-၅၂၀၀၀ ကျပ်၊ ပဲစင်းငုံ ၁၄၁၀၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး ၅၂၀၀၀ ကျပ်၊ ပဲနီလုံးကြား ၆၈၀၀၀-၇၀၀၀၀ကျပ်၊ ပဲယင်းဝါ ၅၂၀၀၀ ကျပ်၊ ပုဂံပဲ ၁၀၅၀၀၀ ကျပ်၊ ထောပတ်ပဲ ၁၃၀၀၀၀-၁၃၁၀၀၀ ကျပ်၊ မြေထောက်ပဲ (ဖြူ) ၁၂၀၀၀၀ ကျပ်၊ CP ပြောင်းဖူးစေ့ ၂၀၅၀၀ ကျပ်၊ ပြောင်းနီ ၂၅၀၀၀-၂၆၀၀၀ ကျပ်၊ ပဲလွန်းပြာ ၅၇၀၀၀-၆၀၀၀၀ကျပ်၊ ကုလားပဲဖြူလုံးကြီး ၈၅၀၀၀ကျပ်၊ ကုလားပဲဖြူလုံးသေး ၈၆၅၀၀ကျပ်၊ ကုလားပဲ 929 ၈၂၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၈၀၀၀၀ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်လ နောက်ဆုံးပတ် ကာလတူအချိန်ပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၄၈၀၀၀ ကျပ်၊ ဂျုံထွက်တိုး ၄၃၀၀၀ ကျပ်၊ ပဲကြီး ၈၂၀၀၀-၈၆၀၀၀ ကျပ်၊ မတ်ပဲ ၉၅၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး  ၅၀၀၀၀ ကျပ်၊ ပဲတီ စိမ်းသေး ၄၈၀၀၀ ကျပ်၊ ပဲစင်းငုံ  ၁၂၈၃၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး  ၄၆၀၀၀ ကျပ်၊ ပဲနီလုံးကြား  ၅၁၀၀၀-၅၁၅၀၀ ကျပ်၊ ပဲယင်းဝါ ၅၇၀၀၀ ကျပ်၊ ပုဂံပဲ ၉၂၀၀၀ ကျပ်၊ ထောပတ်ပဲ ၉၀၀၀၀ ကျပ်၊ မြေ ထောက်ပဲ(ဖြူ) ၁၀၀၀၀၀ ကျပ်၊ CP ပြောင်းဖူးစေ့ ၁၆၀၀၀ ကျပ်၊ ပြောင်းနီ  ၂၂၀၀၀ ကျပ်၊ ပဲလွန်းပြာ ၅၇၀၀၀ကျပ်၊ ကုလားပဲဖြူလုံးကြီး  ၈၁၀၀၀ ကျပ်၊ ကုလားပဲဖြူ လုံးသေး ၈၃၅၀၀ ကျပ်၊ ကုလားပဲ 929 ၇၉၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၇၆၅၀၀ ကျပ် ပေါက်ဈေးရှိ၍ ယခုလ နောက်ဆုံးပတ်နှင့် ယခင်လ နောက်ဆုံးအပတ် ကာလတူနှိုင်းယှဉ်ပါက ပဲကြီး တစ်းတင်း ၁၀၀၀ကျပ်၊ ပဲယင်းဝါ တစ်တင်း ၅၀၀၀ကျပ်နှုန်း ကျဆင်းနေပြီး ဂျုံဖြူသန့် တစ်တင်း ၄၀၀၀ ကျပ်၊ ဂျုံထွက်တိုး တစ်တင်း ၃၀၀၀ ကျပ်၊ မတ်ပဲ တစ်တင်း ၅၀၀၀ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်း ၁၃၅၀၀ကျပ်၊ ပဲတီစိမ်းသေး တစ်တင်း ၄၀၀၀ ကျပ်၊ ပဲစင်းငုံ တစ်တင်း ၁၂၇၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်း ၆၀၀၀ ကျပ်၊ ပဲနီလုံးကြား တစ်တင်း ၁၈၅၀၀ ကျပ်၊ ပုဂံပဲ တစ်တင်း ၈၀၀၀ကျပ်၊ ထောပတ်ပဲ တစ်တင်း ၄၁၀၀၀ ကျပ်၊ မြေထောက်ပဲဖြူ တစ်တင်း ၂၀၀၀၀ ကျပ် ၊CP ပြောင်းဖူးစေ့ တစ်တင်း ၄၅၀၀ ကျပ်၊ ပြောင်းနီ တစ် တင်း ၄၀၀၀ကျပ်၊ ကုလားပဲဖြူ လုံးကြီး တစ်တင်း ၄၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်း ၃၀၀၀ ကျပ်၊ ကုလားပဲ 929 ၃၀၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်း ၃၅၀၀ ကျပ်နှုန်း မြင့်တက်နေကြောင်း သိရသည်။     

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News