Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်လကုန်ပတ်နှင့်ယခုလကုန်ပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

မေလနောက်ဆုံးပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲလုံးဆံဖြူ၊ မြေပဲဆီဆံဖြူ‌ဈေးနှုန်းများ ဈေးငြိမ်၍ မြေပဲလုံးဆံနီ ဈေးအနည်းငယ်ကျဆင်းနေပြီး နှမ်းညို၊ နှမ်းနက်၊ နှမ်းဖြူ ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရ သည်။ မေလ လကုန်ပတ်တွင် နှမ်းညို တစ်တင်းလျှင် ၁၁၄၀၀၀ကျပ်၊ နှမ်းနက် တစ်တင်းလျှင် ၁၁၀၀၀၀-၁၃၇၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် ၁၁၅၀၀၀-၁၂၇၀၀၀ကျပ်ဖြစ်ကာ ယခင်လ လကုန်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် ၉၈၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် ၁၁၅၀၀၀ -၁၂၅၀၀၀ကျပ်၊ နှမ်းနက် တစ်တင်းလျှင် ၁၁၀၀၀၀-၁၂၅၀၀၀ ကျပ်ရှိ၍ ယခုလကုန်နှင့် ယခင်လကုန် ကာလတူ နှိုင်းယှဉ်ပါက နှမ်းညို တစ်တင်းလျှင် ၁၆၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်းလျှင် ၁၂၀၀၀ ကျပ်နှင့် နှမ်းဖြူ တစ်တင်းလျှင် ၂၀၀၀ ကျပ် မြင့်တက်နေကြောင်းသိရသည်။

မေလ လကုန်ပတ်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၆၆၀၀-၆၈၀၀ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၆၈၀၀-၇၀၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၆၂၀၀-၆၄၀၀ကျပ်ရှိပြီး  ယခင်လကုန်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၇၀၀၀ ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၆၉၀၀-၇၀၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၆၃၀၀-၆၄၀၀ကျပ်၊ ကာလတူ အချိန်နှင့်နှိုင်းယှဉ်ပါက  မြေပဲလုံးဆံဖြူနှင့် ဆီဆံဈေးနှုန်းများ ငြိမ်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီတစ်ပိဿာ (၁၃၀၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၃၀၀၀) ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၃၁၆၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၅၅၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၈၂၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News