Local News

ကျောက်ဆည်ခရိုင်၌ နေကြာ (မိုးကြို) သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၌ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နေကြာကိုသီးညှပ်အဖြစ်လည်းကောင်း၊ သီးသန့်အဖြစ်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ နေကြာ(မိုးကြို) စိုက်ပျိုးမှုအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နေကြာ (မိုးကြို) ကို စဉ့်ကိုင်မြို့နယ်၌ ၁၅၂၆ ဧက၊ မြစ်သားမြို့နယ်တွင် ၁၅ ဧက၊ စုစုပေါင်း ၁၅၄၁ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

နေကြာ (မိုးကြို) ကို မတ်လနှင့် ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ဇွန်လနှင့် ဇူလိုင်လများတွင် ရိတ်သိမ်းကြကြောင်း၊ ယခုနှစ် နေကြာ (မိုးကြို) စိုက်ပျိုးချိန်တွင် မိုးရွာသွန်းမှု မရှိသော်လည်း ဆည်ရေသောက် ရေတင်စနစ်ဖြင့် စိုက်ပျိုးခဲ့ပြီး ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၂၈၀,၀၀၀ ကုန်ကြကြောင်း၊ ယခုအချိန်တွင် နေကြာ (မိုးကြို) သီးနှံစိုက်ခြင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ဈေးကွက်၌ ယခင်နှစ်ကထွက်ပေါ်ခဲ့သည့် နေကြာသီးနှံအဟောင်းများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နေကြာသီးနှံသည် သက်တမ်းတိုမျိုးဖြစ်ပြီး ကုန်ကျစရိတ်သက်သာပြီး စားသုံးဆီဖူလုံမှုရရှိသည့်အတွက် တောင်သူများအနေဖြင့် အများဆုံးစိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News