International News

EU သည် စင်္ကာပူနိုင်ငံနှင့် ဒစ်ဂျစ်တယ် ကုန်သွယ်မှုသဘောတူညီချက်အား လက်မှတ်ရေးထိုး

Last Updated:

EU သည် ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် အွန်လိုင်းကုန်သွယ်မှုကို တိုးမြှင့်ရန် SMEs များကို ဒစ်ဂျစ်တယ်အသွင်ပြောင်းရန်နှင့် ဒေတာစီးဆင်းမှုကို လွယ်ကူချောမွေ့စေရန် ရေးဆွဲထားသည် ဒစ်ဂျစ်တယ်ကုန်သွယ်မှုသဘောတူညီချက်အသစ်အတွက် စင်္ကာပူနှင့်စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ ကုန်သွယ်ရေးကော်မရှင်နာ Valdis Dombroskis နှင့် စင်္ကာပူကုန်သွယ်ရေးဝန်ကြီး Grace Fa တို့ ဆွေးနွေးမှုများအပြီးတွင် ၂၀၁၉ ခုနှစ်တွင် စတင်အသက်ဝင်မည် EU Singapore Free Trade Agreement  အား ဖြည့်စွက်ပြောကြားခဲ့သည်။

Brusiels နှင့် စင်္ကာပူနိုင်ငံတို့ကြား စေ့စပ်ညှိနှိုင်းမှုငါးကြိမ်အပြီးတွင် နှစ်ဖက်စလုံးသည် ဒစ်ဂျစ်တယ်ကုန်သွယ်မှုတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်အတွက် အမျိုးမျိုးသော အစီအမံများကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြသည်။ သဘောတူညီချက်သည် SMEs များအတွက် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချရန်၊ E-payment နှင့် အီလက်ထရွန်နစ်စာချုပ်များအတွက် အပြန်အလှန် လုပ်ဆောင်နိုင်သော ဒစ်ဂျစ်တယ် ကုန်သွယ်‌မှုစနစ်များ လုပ်ဆောင်ရန်နှင့် ဒေတာစီးဆင်းမှုဆိုင်ရာစည်းမျဉ်းများ ချမှတ်ရန် ရည်ရွယ်သည်။

ကိုယ်ရေးကိုယ်တာဒေတာ ကာကွယ်ရေးနှင့် ဒေတာသတ်မှတ်ခြင်းဆိုင်ရာလိုအပ်ချက်များကို တားမြစ်ခြင်းအတွက် မြင့်မားသောစံနှုန်းများ သတ်မှတ်ခြင်းဖြင့် နယ်စပ်ဖြတ်ကျော် ဒီဂျစ်တယ်ကုန်သွယ်မှုဆိုင်ရာလွှဲပြောင်းမှုများတွင် စင်္ကာပူနိုင်ငံသားများနှင့် စီးပွားရေးလုပ်ငန်းများထံသို့ တိကျသေချာစွာဖြင့် ရှင်းရှင်းလင်းလင်းပေးနိုင်လိမ့်မည်ဟု စင်္ကာပူကုန်သွယ်ရေးဝန်ကြီး Grace fu က သတင်းစာရင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကုန်သဘောတူညီချက်သည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးတင်းမာမှုများကြားအရှေ့နှင့် အရှေ့တောင်အာရှဒေသ၌ မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ရန်အတွက် EU မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ ဒီဂျစ်တယ်တိုးတက်ပြီး စိတ်တူကိုယ်တူ ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများအဖြင့် EU နှင့် Singapore တို့သည် ဒေသများကြားတွင် အဆင့်အတန်းမြင့်သော ဒစ်ဂျစ်တယ်ကုန်သွယ်မှု စည်းမျဉ်းများ သတ်မှတ်ခြင်းနှင့် ကမ္ဘာ့ဒီဂျစ်တယ်စံနှုန်းများ၏ ရည်မှန်းချက်ကို မြှင့်တင်ရာတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်နိုင်သည်ဟု စေ့စပ်ညှိနှိုင်းပွဲတွင် ပါဝင်သော ပူးတွဲကြေညာချက် တွင် ဖော်ပြထားသည်။

EU သည် စင်္ကာပူနိုင်ငံ၏ ဒစ်ဂျစ်တယ်ကုန်သွယ်မှုတွင် ဒုတိယအကြီးဆုံး မိတ်ဖက်ဖြစ်ကြောင်း Grand Fu မှ မီးမောင်းထိုးပြသထားသည်ဖြစ်ရာ စင်္ကာပူနိုင်ငံအတွက်လည်း အကျိုးအမြတ်များစွာရရှိနိုင်မည်ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် EU နှင့် စင်္ကာပူအကြား ဝန်ဆောင်မှုများကုန်သွယ်မှု စုစုပေါင်း၏ ထက်ဝက်ကျော်(၅၅%)ကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ပေးပို့ခဲ့ပြီး ပမာဏအားဖြင့် ယူရို ၄၃ ဘီလီယံ ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

ကောင်စီတွင် EU စုစုပေါင်းလူဦးရေ၏ ၆၅% နှင့် ဥရောပပါလီမန်မဲခွဲဆုံးဖြတ်ရန် အရည်အချင်းပြည့်မီသော အများစုစနစ်ဖြင့် စင်္ကာပူအပါအဝင် အခြားအဖွဲ့ဝင်နိုင်ငံများထံမှ အတည်ပြုချက်ရရှိပြီးသည်နှင့် အဆိုပါသဘောတူညီချက်အား အဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံမှ အတည်ပြုရန် ကျန်ရှိနေသေးကြောင်း သိရသည်။ EU သည် တောင်ကိုရီးယားနှင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှုဆိုင်ရာအလားတူ သဘောတူညီချက်တစ်ရပ်ကို လက်ရှိတွင် ညှိနှိုင်းနေဆဲ ဖြစ်သည်။ ထို့အပြင်ယခုလ အစောပိုင်းတွင် ဂျပန်နိုင်ငံနှင့် ဒေတာစီးဆင်းမှုဆိုင်ရာသဘောတူညီချက်တစ်ရပ် အသက်ဝင်ခဲ့သည်။

Source : Euronews

Source: https://www.doca.gov.mm

Category: International News