၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကုန်ရက်တွင် ဖြစ်ပေါ်ခဲ့သော မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေး နှုန်းပေါက်ဈေးများမှာ မုဒုံမြို့နယ် ရော်ဘာ R.S.S-3 (မှိုင်းခံပြား) တစ်ပေါင် ကျပ် ၃၀၀၀၊ ၂၀ ပိဿာ ဝင် ပဲတစ်တင်း ဈေးနှုန်းများမှာ ပဲတီစိမ်း(အသစ်) ကျပ် ၁၀၁၀၀၀၊ မတ်ပဲ ကျပ် ၉၉၅၀၀၊ ပဲလွန်းဖြူ ကျပ် ၈၄၀၀၀၊ ဘိုကိတ် ကျပ် ၈၃၀၀၀၊ ပဲပုပ်(အသစ်) ကျပ် ၁၂၃၀၀၀၊ မြေပဲ ၁၇၆၀၀၀ ကျပ်၊ ရေထွက်ကုန် တစ်ပိဿာ ဈေးနှုန်းမှာ ငါးဒန် ကျပ် ၄၅၀၀၊ ငါးခုံးမ ကျပ် ၅၂၀၀၊ ငါးကြင်း ကျပ် ၉၀၀၀၊ တီလားဗီးယား ကျပ် ၁၂၅၀၀၊ ပလာတူး ကျပ် ၄၄၀၀၊ ပလာလန်း ကျပ် ၅၀၀၀၊ ငါးကွန်းရှပ် ကျပ် ၁၃၅၀၀၊ ငါးရွေးကြီး ကျပ် ၁၂၀၀၀၊ ငါးပျက် ကျပ် ၈၅၀၀၊ ရွှေငါး ကျပ် ၅၀၀၀၊ ငါးနှပ် ကျပ် ၆၀၀၀၊ ရေချိုပုစွန်ထုပ်(စိမ်း)အကြီး ကျပ် ၇၈၀၀၀ ၊ ရေချိုပုစွန်ထုပ်(စိမ်း) အလတ် ကျပ် ၅၃၀၀၀၊ ရေချိုပုစွန်ထုပ်(စိမ်း)အငယ် ကျပ် ၄၃၀၀၀ အသီးသီး ဖြစ်ပေါ်နေပါသည်။ ဇန်နဝါရီ တတိယပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက R.S.S-3 (မှိုင်းခံပြား) တစ်ပေါင် ဈေးနှုန်း မပြောင်းသော်လည်း ပဲမျိုးစုံတစ်တင်းဈေးနှုန်းတွင် ပဲတီစိမ်း ၅၀၀၀ ကျပ်၊ မတ်ပဲ ၂၅၀၀ ကျပ်၊ ပဲလွန်းဖြူ ၄၀၀၀ ကျပ်၊ ဘိုကိတ် ၄၀၀၀ ကျပ်၊ ပဲပုပ် ၁၁၀၀၀ ကျပ် အသီးသီး ဈေးနှုန်း မြင့်တက် နေကြောင်း၊ ရေထွက်ကုန်များ ဈေးနှုန်းအနည်းငယ်မြင့်တက်လာသော်လည်း ပုစွန်ထုပ် ဈေးနှုန်း များ မပြောင်းလဲဘဲတည်ငြိမ်နေကြောင်း သိရှိရပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး