Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂၄-၁၁-၂၀၂၅ မှ ၂၈-၁၁-၂၀၂၅ ရက်နေ့အတွင်းဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးဈေးနှုန်းများ

Last Updated:

ကြက်သွန်နီ

      ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက် လျက်ရှိရာ  ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၁၅၅၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၃၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၇၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၃၅၀ ၊ မုံရွာသစ်ရှယ် ကျပ် ၁၈၀၀၊ မုံရွာလတ်ကြီး ကျပ် ၁၃၀၀၊ မုံရွာလတ်သန့် ကျပ် ၇၀၀ နှင့် မုံရွာလတ်ချော ကျပ် ၃၅၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၁၀၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၅၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၀၀ ၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၀၀ ၊မုံရွာလတ်ကြီး ကျပ် ၁၅၀၊ မုံရွာ လတ်သန့် ကျပ် ၂၀၀ နှင့် မုံရွာလတ်ချော ကျပ် ၁၅၀  အသီးသီး ဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင် သို့  ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၅၀ စီး (၉၀၀,၀၀၀ ပိဿာ) ဝင်ရောက် ခဲ့ပြီး ယခုအပတ်တွင်  ကားစီးရေ ၁၁၀ စီး  (၆၆၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင် အပတ်ထက် ကားစီးရေ ၄၀ စီး(၂၄၀,၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ ကြောင်းသိရသည်။    

ကြက်သွန်ဖြူ 

      ဘုရင့်နောင်ကုန်စည်ဒိုင်သို့ အောင်ပန်းမြို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြက်သွန်ဖြူ(ကြူကုတ်) ကျပ် ၁၇၅၀၀၊ အောင်ပန်း ထူး-၂  ကျပ် ၃၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၄၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၅၅၀၀ နှင့် အောင်ပန်း ထူး-၅ ကျပ် ၆၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြက်သွန်ဖြူ(ကြူကုတ်) ကျပ် ၅၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်ကြက်သွန်ဖြူများ ဈေးငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၂၆၀၀ (၇၈,၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၃၀၀၀ (၉၀,၀၀၀ ပိဿာ) ဝင်ရောက် ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ် ၄၀၀ (၁၂,၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။ 

အာလူး

      ဘုရင့်နောင်ကုန်စည်ဒိုင်သို့  အောင်ပန်းမြို့နှင့် တရုတ်မှ အာလူးများ နေ့စဉ်ဝင်ရောက်လျက် ရှိရာ အာလူး (တစ်ပိဿာ) ဈေးနှုန်းများမှာ  အောင်ပန်း OK ကျပ် ၅၀၀၀၊ အောင်ပန်း S1 ကျပ် ၅၅၀၀၊ အောင်ပန်း S2 ကျပ် ၆၃၀၀ နှင့် တရုတ်အာလူး ကျပ် ၇၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း အောင်ပန်း OK ကျပ် ၁၅၀၀၊ အောင်ပန်း S1 ကျပ် ၁၀၀၀၊ အောင်ပန်း S2 ကျပ် ၈၀၀ နှင့် တရုတ်အာလူး ကျပ် ၁၀၀၀ အသီးသီးဈေးကျဆင်းခဲ့သည်။ ကုန်စည်ဒိုင်သို့  အာလူးဝင်ရောက်မှုမှာ ယခင်အပတ်က  ကားစီးရေ ၁၇ စီး (၁၂၀,၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၂၉ စီး (၁၇၄,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သော ကြောင့် ယခင်အပတ်ထက် အာလူးကားစိးရေ ၁၂ စီး(၇၂,၀၀၀ ပိဿာ)ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။   

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News