Local News

ဆန်၊ ဆန်ကွဲ၊ ဖွဲနု ဈေးများအနည်းငယ်ကျဆင်း

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ (၂၉.၃.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ) တစ်အိတ်လျှင် (၇၃၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် (၁၂၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(1,2) တစ်အိတ်လျှင် (၅၅၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ (2,3,4) တစ်အိတ်လျှင် (၅၃၀၀ဝိ/-)ကျပ်နှင့် ဖွဲနုတစ်အိတ်လျှင် (၁၅၃၀ဝိ/-) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၅.၄.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ) တစ်အိတ်လျှင် (၇၀၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်း မွှေးဆန် တစ်အိတ်လျှင် (၁၂၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(1,2) တစ်အိတ်လျှင် (၅၂၀၀ဝိ/-) ကျပ်၊ ဆန်ကွဲ (2,3,4) တစ်အိတ်လျှင် (၅၀၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၁၅၀၀ဝိ/-) ကျပ် တိုဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

 ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန် (မနောသုခ) တစ်အိတ်လျှင် (၃၀၀ဝိ/-) ကျပ်၊ ဆန်ကွဲ(1,2) တစ်အိတ်လျှင် (၃၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(2,3,4) တစ်အိတ်လျှင် (၃၀၀ဝိ/-)ကျပ်နှင့် ဖွဲနုတစ်အိတ်လျှင် (၃၀ဝိ/-)ကျပ်တို့ဖြင့် ဈေးကျဆင်းခဲ့ပါသည်။ ပေါ်ဆန်းမွှေး ဆန်အနေဖြင့် ဈေးတည်ငြိမ်လျက်ရှိပြီး ဧည့်မထဆန်၊ ဆန်ကွဲနှင့် ဖွဲနုဈေး ကျဆင်းသွားခြင်းမှာ နွေစပါးသစ်နှင့် ဆန်သစ်များပေါ်လာခြင်း၊ ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်း ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News