ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် လေးမိုင်ကျေးရွာတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိပြီး အာတာလွတ်(ခေါ်) သင်ဥ ကို တစ်နှစ်လျှင် နှစ်ကြိမ်စိုက်ပျိုးကြကြောင်း၊ အာတာလွတ်(ခေါ်) သင်ဥကို ယခင်နှစ်က ဧက ၅၀ ခန့် စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ဧက ၆၀ ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။ အာတာလွတ်(ခေါ်)သင်ဥ ကို ဇွန်လတွင် စတင်စိုက် ပျိုးပြီး ငါးလကျော်အကြာ နိုဝင်ဘာလတွင် စတင်တူးဖော်ရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မြေပြုပြင်၍ ပင်ကြားတန်းကြား ခြောက်ပေ၊ ရှစ်ပေခြား စိုက်ပျိုးရပြီး တစ်ဧကလျှင် အပင်ရေ လေးသောင်းခန့် စိုက်ပျိုးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ရှစ်သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် အာတာလွတ်(ခေါ်) သင်ဥ ပိဿာချိန် ၄၀၀ ခန့် ထွက်ရှိပြီးတစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ ဖြင့် ရောင်းချရသည့်အတွက် ငွေကျပ်ခြောက်သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်း ရောင်းချမှုအပြင် ပုသိမ်၊ အိမ်မဲနှင့် ရန်ကုန်မြို့တို့သို့ အဓိကတင်ပို့ရောင်းချကြောင်း သိရှိရသည်။
Source: မြန်မာ့အလင်းသတင်းစာ