မကွေးမြို့ပေါ်ရှိစျေးများတွင် ယခုနှစ်အာလူးစျေးများ အမြင့်စျေးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။ အာလူးမျိုးချိန်ဖြစ်ခြင်း၊ စျေးကွက်ထဲသို့ကုန်အဝင်နည်းခြင်းတို့ကြောင့် အာလူးစျေးမှာ တစ်ရိပ်ရိပ်တက်လာနေသည့်အတွက် အာလူးစိုက်တောင်သူများအနေဖြင့် အဆင်ပြေ လျက်ရှိသော်လည်း အာလူးကြော်လုပ်ငန်းရှင်များ၊ စမူဆာကြော်လုပ်ငန်းရှင်များ၊ အာလူးအခြေခံ ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် အမြင့်စျေးဖြင့် ထုတ်လုပ်နေရကြောင်း သိရှိရသည်။ မကြာခင် ပခုက္ကူနယ်ဘက်နှင့် ဆင်ဖြူကျွန်းနယ်ဘက်တို့မှ အာလူးများ ပေါ်ထွက်လာတော့မည် ဖြစ်၍ အာလူးစျေးနှုန်းအနေဖြင့် လျော့ကျသွားနိုင်ကြောင်း သိရှိရသည်။ အောက်တိုဘာလတွင် လက်လီစျေး အာလူးတစ်ပိဿာ ကျပ် (၃၅၀၀) မှ (၅၀၀၀) သာ စျေးပေးဝယ်ယူရပြီး နိုဝင်ဘာလတွင် အာလူးတစ်ပိဿာ ကျပ်(၅၀၀၀) မှ (၆၅၀၀)ဖြင့် ဝယ်ယူရကာ ယခုဒီဇင်ဘာလတွင် အာလူးတစ်ပိဿာ ကျပ်(၆၅၀၀)၊ (၉၀၀၀)၊ (၁၂၀၀၀) စျေးတို့အထိ စျေးပေး ဝယ်ယူစားသုံးရကြောင်း အိမ်ရှင်မများမှတဆင့် သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး