မတ်ပဲနှင့်ပဲစင်းငုံ
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ(တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2024 Crop) ကျပ် ၃၇၅၇၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၄၁၅၇၀၀၀ နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၄၂၁၂၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2024Crop) ကျပ် ၆၁၀၀၀ ၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၆၁၀၀၀ နှင့် ပဲစင်းငုံ Red/RC (2024 Crop) ကျပ် ၂၃၇၀၀၀ အသီးသီး ဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၁၅၅ လုံး (တန်ချိန် ၃၇၂၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC(2024Crop) ကွန်တိန်နာ၁၀ လုံး (တန်ချိန် ၂၄၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ် ထက် မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၁၄၅ လုံး (တန်ချိန် ၃၄၈၀) လျော့နည်း ဝင် ရောက်ခဲ့ကြောင်း သိရသည်။
ငရုတ်
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၆၅၀၀၊ မြားနီ ကျပ် ၆၀၀၀ ၊ပန်းတနော်ရှည် ကျပ် ၅၅၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ်၁၄၀၀၀နှင့် မြစ်ဝပု ကျပ် ၁၀၅၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီး များ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည်အိတ်ပေါင်း ၁၇၀၀ (၃၄၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၅၀ (၇၅၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခု အပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၁၁၀၀ ( ၂၂၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၅၀ (၇၅၀ ပိဿာ ) ဝင်ရောက်ခဲ့ သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၆၀၀ (၁၂၀၀၀ ပိဿာ) လျော့နည်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
မန်ကျည်းသီး
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး(တစ်ပိဿာ)ဈေးနှုန်းများမှာ မန်ကျည်းသီးပွင့်ကပ် (သစ်) ကျပ် ၃၆၀၀၊ မန်ကျည်းအသား (သစ်) ကျပ် ၁၀၀၀၀ နှင့် မန်ကျည်းသီး ရမည်းသင်းဒါးဇင်း ကျပ် ၃၃၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီးများ ဈေးငြိမ်လျက်ရှိသည်။
ထန်းလျက်၊ ကြံသကာနှင့် သကြား
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့်သကြား (တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၆၅၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၇၀၀၀၊ ပခုက္ကူ ကြမ်း ကျပ် ၆၄၀၀၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၇၀၀၀၊ ကြံသကာ ကျပ် ၃၁၀၀ နှင့် သကြား (ပြည်တွင်း) ကျပ် ၅၁၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ပခုက္ကူ ကြမ်း ကျပ် ၁၀၀ ဈေး မြင့်တက်ခဲ့ပြီး ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။
ကြက်သွန်နီ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့်မြင်းခြံမြို့တို့မှ ကြက်သွန်နီများ နေ့စဉ် ဝင်ရောက် လျက်ရှိရာ ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၄၁၀၀ ၊ ဆိပ်ဖြူလတ် ကြီး ကျပ် ၄၀၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၃၇၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၂၆၀၀၊ မြင်းခြံသစ်ရှယ် ကျပ် ၄၅၀၀၊ မြင်းခြံလတ်ကြီး ကျပ် ၄၂၀၀၊ မြင်းခြံလတ်သန့် ကျပ် ၄၁၀၀ နှင့် မြင်းခြံလတ်ချော ကျပ် ၃၃၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၃၀၀ နှင့် မြင်းခြံ သစ်ရှယ် ကျပ် ၂၀၀ ဈေးမြင့်တက်ခဲ့ပြီး ဆိပ်ဖြူလတ်သန့် ကျပ် ၂၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၀၀၊ မြင်းခြံလတ်သန့် ကျပ် ၄၀၀ နှင့် မြင်းခြံလတ်ချော ကျပ် ၅၀၀ အသီးသီး ဈေးကျဆင်း ခဲ့သည်။ ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှု မှာ ယခင်အပတ်က ကားစီးရေ ၈၁စီး (၄၈၆၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီး ရေ ၁၂၀ စီး (၇၂၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၃၉ စီး (၂၃၄၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။
ကြက်သွန်ဖြူ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ အောင်ပန်းမြို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ အောင်ပန်းထူး-၂ ကျပ် ၁၃၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၁၄၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၅၀၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၆၀၀၀ အသီးသီး ဈေး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အောင်ပန်းထူး-၂ ကျပ် ၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၅၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၂၀၀၀ (၆၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၁၅၀၀ (၄၅၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင် အပတ်ထက် ကြက်သွန်ဖြူအိတ် ၅၀၀ (၁၅၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရ သည်။
အာလူး
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တရုတ်မှအာလူးများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ တစ်ပိဿာလျှင် ကျပ်၇၀၀၀ဈေး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တရုတ်အာလူးများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည် ဒိုင်သို့ အာလူးဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၂၃ စီး (၁၃၈၀၀၀ ပိဿာ) ဝင်ရောက် ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၂၅ စီး (၁၅၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင် အပတ်ထက် ကားစီးရေ ၂ စီး (၁၂၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။
Source:ပြည်တွင်းကုန်သွယ်မှုဌာနခွဲ (ရန်ကုန်)