Local News

ကြက်သားဈေးအနည်းငယ်ကျဆင်း

Last Updated:

      မကွေးမြို့ပေါ်တွင် စီပီကြက်သားနှင့်ဗမာကြက်သားများ အရောင်းအဝယ်ဖြစ်လျက်ရှိရာ အိမ်ရှင်မများအနေဖြင့် အသားပေါများပြီးကြော်ချက်ရာတွင် မိသားစုအစားများသော စီပီကြက်သား ကို အများဆုံးဝယ်ယူချက်ပြုတ်စားသုံးကြသည်။

      ယခုအခါတွင် မိုးတွင်းကာလကုန်ဆုံးပြီး ဆောင်းဝင်လာပြီဖြစ်ရာ ရာသီဥတုမှာလည်း ချမ်းအေးလာ၍ စီပီကြက်ခြံများတွင်အအေးဒဏ်ကြောင့် ကြက်များအသေအပျောက်များ၍ ဆုံးရှုံးမှု များရှိသော်လည်း ကထိန်အလှူရာသီရက်များကုန်ဆုံးသွားသဖြင့် စီပီကြက်သားဈေးနှုန်းမှာ အနည်း ငယ်ကျဆင်းနေသည်။

      စီပီကြက်သားဈေးနှုန်းများမှာ ယခင်နိုဝင်ဘာလတွင် အသားတစ်ပိဿာလျင် ၄၀၀၀၀ ကျပ်၊ အရိုး/အသားတစ်ပိဿာလျင် ၂၈၀၀၀ ကျပ် ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုဒီဇင်ဘာ လတွင် အသားတစ်ပိဿာလျင် ၃၆၀၀၀ ကျပ်၊ အရိုး/အသားတစ်ပိဿာလျင် ၂၀၀၀၀ ကျပ် ဈေး တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

      ယခင်လနှင့်ယခုလတို့ဈေးနှုန်းများနှိုင်းယှဉ်ရာတွင် အသားတစ်ပိဿာလျင် ၄၀၀၀ ကျပ်၊ အရိုး/အသားတစ်ပိဿာလျင် ၈၀၀၀ ကျပ်တို့ ဈေးအနည်းငယ်ကျဆင်းလာကြောင်း ဈေးကွက်သတင်း အရသိရှိရသည်။

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News