International News

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၁၇.၆ သန်းကို ကြိုဆိုခဲ့

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၁၇.၆ သန်းကို ကြိုဆိုခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၀ ရာခိုင်နှုန်းနီးပါးတိုးလာကြောင်း ဗီယက်နမ်နိုင်ငံ အထွေထွေ စာရင်းအင်းရုံး (GSO) ၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။

ဒီဇင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွား ဧည့်သည် ၁.၇၅ သန်းရှိပြီး ယခင်လများနှင့် နှိုင်းယှဉ်ပါက စံချိန်တင်မြင့်မားခဲ့ကြောင်း ဖော်ပြထား ပါသည်။

၂၀၂၄ ခုနှစ်အတွင်း တောင်ကိုရီးယားသည် ခရီးသွားဧည့်သည် ၄.၅ သန်းဖြင့် ဗီယက်နမ်၏ အကြီးမားဆုံး ခရီးသွားရင်းမြစ်ဈေးကွက်အဖြစ် တည်ရှိနေခဲ့ပြီး တရုတ်နိုင်ငံမှ ၃.၇ သန်း၊ ထိုင်ဝမ် (တရုတ်)မှ ၁.၂၉ သန်း၊ အမေရိကမှ ၇၈၀,၀၀၀၊ ဂျပန်နိုင်ငံမှ ၇၁၁,၀၀၀ နှင့် အိန္ဒိယမှ ၅၀၁,၀၀၀ ရှိကြောင်းရေးသားဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် နိုင်ငံတကာခရီးသွားဧည့်သည် ၂၅ သန်းမှ ၂၈ သန်း အထိ ကြိုဆိုရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။

 

Source: VN Economy

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

Category: International News