အမေရိကန်-တရုတ်ကုန်သွယ်ရေးပဋိပက္ခဆက်လက်ဖြစ်ပွားနေချိန်တွင် အမေရိကန်သည် ငွေ ချေးစာချုပ်အရေအတွက် မြင့်တက်လာခြင်းကြောင့် ထိုင်းနိုင်ငံ၏ ချေးငှားစရိတ်များ မြင့်တက်လာ စေနိုင်ပြီး ယခုရက်သတ္တပတ်အတွင်း ကျင်းပခဲ့သော အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲ၏ ရလဒ် သည် မည်သို့ပင်ဖြစ်စေကာမူ ထိုင်းနိုင်ငံအတွက် ဆိုးရွားသော သက်ရောက်မှုများ ရှိလာနိုင်ကြောင်း CIMB Thai Bank စီးပွားရေးအကြီးတန်းပညာရှင် Mr. Anomthep Chawla က သုံးသပ်ထားပါသည်။
တရုတ်ကုန်ပစ္စည်းများနှင့် တရုတ်ကုန်ပစ္စည်းမဟုတ်သာ ကုန်စည်များအပေါ် အခွန်တိုးမြှင့် ကောက်ခံရန်နှင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ပြည်နှင်ဒဏ်ပေးရန် စသည့် Mr. Donal Trump ၏ အဆိုပြုလွှာများသည် အမေရိကန်၏ စီးပွားရေး အထူးသဖြင့် အလယ်အလတ်နှင့် ဝင်ငွေ နည်းပါးသူများကို ထိခိုက်စေမည်ဖြစ်ကြောင်း၊ Ms. Kamala Harris အနိုင်ရခဲ့ပါက လက်ရှိ ဒီမိုကရက် အစိုးရက ကောက်ခံနေသော ကုန်သွယ်ရေး အတားအဆီးများသည် ၄ နှစ်ကြာ ဆက်လက်သွားနိုင် ကြောင်း၊ Mr. Trump သို့မဟုတ် Ms. Harris အနိုင်ရရှိခဲ့ပါက ကမ္ဘာကြီးသည် ရိုက်ခတ်မှုကို ခံစားရနိုင် ကြောင်း Mr. Anomthep က ဖြည့်စွက်သုံးသပ်ထားပါသည်။
ကိုယ်စားလှယ်လောင်းနှစ်ဦးလုံးသည် စီးပွားရေးကို လှုံ့ဆော်ရန် အမြောက်အမြား အသုံးပြု ဖွယ်ရှိပြီး ယခင်က အမေရိကန်ကြုံတွေ့ခဲ့ရသည့် အစိုးရကြွေးမြီအပေါ် ဖိအားပေးခြင်းနှင့် အစိုးရပိတ် သိမ်းခြင်း စွန့်စားမှုတို့ဖြစ်ကြောင်း၊ Mr. Trump အနိုင်ရရှိခဲ့ပါက တရုတ်ကုန်စည်များအပေါ် အခွန် တိုးမြှင့်ကောက်ခံနိုင်သောကြောင့်အမေရိကန်သို့တင်ပို့မည့် ထိုင်းနိုင်ငံထုတ်ပစ္စည်းများအတွက် အကျိုး ကျေးဇူးများ ရရှိနိုင်ကြောင်း၊ သို့သော် အဆိုပါ မူဝါဒသည် တရုတ်မှတစ်ဆင့် အမေရိကန်သို့ တင်ပို့သည့် ထိုင်းပို့ကုန်များအပေါ် ထိခိုက်နိုင်ကြောင်း၊ ကာလရှည် ငွေချေးစာချုပ်အပါအဝင် ငွေချေးစာချုပ်ထွက်ရှိ မှုနှုန်း မြင့်တက်လာနိုင်ပြီး ကော်ပိုရိတ်ထုတ်ပေးသူများလည်း မြင့်တက်လာနိုင်ကြောင်း Mr. Anomthep က ပြောကြားခဲ့ပါသည်။
Mr. Trump သည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထက် သမာရိုးကျစွမ်းအင်ကိုသာ ပိုမိုကြိုက်နှစ် သက်ပါကြောင်း၊ Mr. Trump အနိုင်ရရှိခဲ့ပါက ဆီဈေးနှုန်းသည် ကာလလတ်တွင် ကျဆင်းနိုင်ဖွယ်ရှိပြီး ထိုင်းစတော့ခ်အိတ်ချိန်းရှိ ဆီနှင့်ဓာတ်ငွေ့နှင့် Refinery ကဏ္ဍတို့တွင် အနုတ်သဘော သက်ရောက်နိုင် ကြောင်း၊ အစိုးရသစ်ကို Mr. Trump ဦးဆောင်ပါက ထွန်းသစ်စ ဈေးကွက်များအပေါ် ရင်းနှီးမြှုပ်နှံသူ များ၏ အမြင်များသည် သတိထားလှည့်လည်နိုင်ကြောင်း၊ Mr. Trump သည် နိုင်ငံခြားထုတ်ကုန်များ အပေါ် အခွန် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ရန်နှင့် တရုတ် ကုန်စည်များအပေါ် မြင့်နိုင် သမျှမြင့်၍ ၆၀ ရာခိုင်နှုန်း ကောက်ခံရန် အဆိုပြုထားခဲ့ရာ တရုတ်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် ထိုင်းနိုင်ငံသို့ ဦးတည်လာနိုင်သဖြင့် စက်မှုကဏ္ဍအတွက် ကောင်းမွန်ပါကြောင်း CSG International Securities (Thailand) သုတေသနအကြီးတန်အရာရှိ Mr. Kasem Prunratanamala က ဖြည့်စွက်သုံး သပ်ထားပါသည်။
အမေရိကန်၏ ငွေတိုက်အထွက်နှုန်း မြင့်တက်လာသည်နှင့်အမျှ ထိုင်းဘတ်သည် အားပျော့လာ နိုင်သဖြင့် အီလက်ထရောနစ်နှင့် အစားအစာကဏ္ဍရှိ ပို့ကုန်လုပ်ငန်းရှင်များအတွက် ကောင်းမွန်ပါ ကြောင်း၊ Ms. Harris အနိုင်ရရှိခဲ့ပါက ထိုင်းဈေးကွက်သည် Mr. Trump အနိုင်ရခြင်းထက် အပြု သဘောဆောင်သည့် တုန့်ပြန်မှု ပိုများနိုင်ကြောင်း၊ ရလဒ်အနေဖြင့် စားသုံးသူ၊ ပိုင်ဆိုင်မှုနှင့် ဘဏ်များ ကဲ့သို့သော ပြည်တွင်းမှ ပါဝင်သူများသည် စွမ်းဆောင်ရည်သာလွန်မည်ဖြစ်ကြောင်း Mr. Kasem က ဆက်လက်ပြောကြားခဲ့သည်။
Mr. Trump သည် အမေရိကန်စီးပွားရေး၊ စတော့ခ်ဈေးကွက်နှင့် အမေရိကန်စာရင်းဝင် ကုမ္ပဏီ များအတွက် ကာလတို တိုးတက်မှုရှိနိုင်သော်လည်း သွင်းကုန်အခွန်တိုးမြှင့်လိုက်ခြင်းကြောင့် ဈေးနှုန်း များ မြင့်တက်လာနိုင်သဖြင့် ငွေကြေးဖောင်းပွမှုဖြစ်လာစေမည်ဖြစ်ကြောင်း၊ Federal Reserve (Fed) က အတိုးနှုန်းကို ဈေးကွက်မျှော်မှန်းထားသည်ထက် လျော့နည်းဖြတ်တောက်ခဲ့ပါက ကမ္ဘာ့စတော့ခ် ဈေးကွက်ကို အပျက်သဘောသက်ရောက်မှုရှိစေနိုင်ပြီး အထူးသဖြင့် အာရှဒေသတွင်ဖြစ်ကြောင်း၊ Ms. Harris အနိုင်ရရှိခဲ့ပါက ပါတီမူဝါဒအရ လွတ်လပ်သောကုန်သွယ်ရေးညှိနှိုင်းမှုများအတွက် အခွင့် အလမ်းများ ပွင့်လင်းလာနိုင်သော်လည်း တရုတ်နှင့်ကုန်သွယ်ရေးမှာမူ ပိတ်ဆို့ထားဆဲဖြစ်ကြောင်း Daol Securities က ဖြည့်စွက်သုံးသပ်ထားပါသည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်သော အမေရိကန်နိုင်ငံ၏ သမ္မတရွေးကောက်ပွဲ၏ ရလဒ်သည် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ အဆိုပြုလွှာများကြောင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးသာကမ ကမ္ဘာ့နိုင်ငံများအပေါ်တွင်လည်း သက်ရောက်မှုများရှိနိုင်ပါသည်။ တရုတ်ကုန်စည်များအပေါ် အခွန် တိုးမြှင့်ကောက်ခံမည့် အဆိုပြုလွှာကြောင့် တရုတ်ကုမ္ပဏီများ ထိုင်းနိုင်ငံသို့ ထုတ်လုပ်မှုအခြေစိုက်များ ပြောင်းရွှေ့လာနိုင်သဖြင့် စက်မှုကဏ္ဍအတွက် အကျိုးရှိနိုင်သည်ဟု ထိုင်းနိုင်ငံမှ ပညာရှင်များက ခန့်မှန်းထားကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
Source: www.bangkokpost.com
စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။