International News

အမေရိကန်၏ အကောက်ခွန်တိုးမြှင့်ကောက်ခံမှုအတွက် ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့သို့ တိုင်ကြား သွားမည့် ဟောင်ကောင်ဒေသ

Last Updated:

ဟောင်ကောင်ဒေသ ကုန်စည်များအပေါ် အမေရိကန်မှ အခွန် ၁၀ ရာခိုင်နှုန်းတိုးမြှင့် ကောက်ခံ မှုအပေါ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သို့ တိုင်ကြားသွားမည်ဖြစ်သည်ဟု ဟောင်ကောင်ဒေသ အစိုးရက သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း rthk သတင်းဌာနမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ လ ၇ ရက်တွင် “HK to file complaint at WTO against US tariffs” ခေါင်းစဉ်ဖြင့်ရေးသား ဖော်ပြထားပါသည်။

ထိုကဲ့သို့ အခွန်ကောက်ခံမှုမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းစည်းကမ်းများနှင် ကိုက်ညီမှုမရှိကြောင်း၊ ဟောင်ကောင်ဒေသ၏ Basic Law ပုဒ်မ ၁၁၆ အရ တရုတ်ပြည်မနှင့် အကောက်ခွန်သီးခြားနယ်မြေအဖြစ် WTO မှ အသိအမှတ်ပြုထားသည့် ရပ်တည်မှုကို အမေရိကန်က လျစ်လျူရှုကြောင်းနှင့် ဟောင်ကောင်ဒေသအစိုးရအနေဖြင့် WTO အငြင်းပွားမှုဖြေရှင်းရေး စနစ်အရ တရားဝင်လုပ်ထုံးလုပ်နည်းနှင့်အညီ တိုင်ကြားဆောင်ရွက်သွားမည်ဖြစ်သည်ဟု အစိုးရတာဝန်ရှိသူက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသအစိုးရအနေဖြင့် အမေရိကန်နိုင်ငံအနေဖြင့် အခွန်ချမှတ်မှုကို ပြင်းပြင်း ထန်ထန် ကန့်ကွက်ခဲ့ပြီး၊ အခွန်တိုးမြှင့်ကောက်ခံခြင်းအတွက် ချက်ချင်းပြန်လည်ပြင်ဆင်ပေးရန် တိုက်တွန်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အမေရိကန်၏ အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမှုကြောင့် ဟောင်ကောင်ဒေသ၏ စီးပွားရေးလုပ်ငန်းများကို ကြီးကြီးမားမား မထိခိုက်နိုင်ကြောင်း၊ ဟောင်ကောင်ဒေသ၏ စီးပွားရေး လုပ်ငန်းများမှာ အခြေအနေကိုလိုက်၍ လုပ်ကိုင်နိုင်ပြီး အာဆီယံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ ကဲ့သို့ ဈေးကွက်သစ်များကို စတင်ရှာဖွေဖော်ထုတ်နေပြီဖြစ်ကြောင်း ဟောင်ကောင်ဒေသရှိ တရုတ် ကုန်သည်ကြီးများအသင်းမှ ဇန်နဝါရီလ ၇ ရက်က ပြောကြားကြောင်း စသည်ဖြင့် ရေးသားဖော်ပြ ထားပါသည်။

စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့။

Category: International News