တရုတ်နိုင်ငံ၏ အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း လုပ်ငန်းစွမ်းဆောင်ရည်များတိုးတက်လာခဲ့ ကြောင်း China Association of Small and Medium Enterprises မှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ အရ သိရှိရပါသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်းမှာ အဓိကစက်မှုလုပ်ငန်း (၈) ခုရှိ SMEs ၃,၀၀၀ ကို အခြေခံ၍စစ်တမ်းကောက်ယူထားခြင်းဖြစ်ကြောင်း၊ စတုတ္ထသုံးလပတ်ညွှန်းကိန်းမှာ ၈၉.၀ ရရှိခဲ့ပြီး တတိယသုံးလပတ်ထက် ၀.၁ ပိုများခဲ့သည်ဟု ဖော်ပြ ထားကြောင်းလည်း သိရှိရပါသည်။
အဆိုပါညွှန်းကိန်းတွင် SME များ၏ စွမ်းဆောင်ရည်နှင့် မျှော်မှန်းချက်များကို တိုင်းတာရန် ညွှန်းကိန်းခွဲများစွာပါရှိကြောင်း၊ စက်မှုကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာညွှန်းကိန်းခွဲများသည် တိုးတက်မှုကိုပြသခဲ့ကြောင်း၊ SMEs များ၏ မေခရိုစီးပွားရေးအပေါ် ယုံကြည်မှုကို တိုင်းတာသည့် ညွှန်းကိန်းခွဲများသည် တတိယသုံးလပတ်နှင့်နှိုင်းယှဉ်ပါက တည်ငြိမ် နေဆဲဖြစ်ကြောင်းလည်း သိရှိရပါသည်။
တရုတ်နိုင်ငံ၏ SMEs များသည် ယုံကြည်မှုနှင့် စျေးကွက်ဝယ်လိုအားနှစ်ခုစလုံး၌ တဖြည်းဖြည်း တိုးတက်လျက်ရှိကြောင်း၊ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများ ပိုမို ဖန်တီးပေးရန်နှင့် အနာဂတ်ကာလ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်မှုများဖြစ်ပေါ်စေရေး ၀ယ်လိုအားချဲ့ထွင်ခြင်းနှင့် စားသုံးမှုမြှင့်တင်ခြင်းတို့ကို အလေးပေးဆောင်ရွက်ရန် ဖော်ပြထားကြောင်း လည်းသိရှိရပါသည်။
Source: https://www.chinadaily.com.cn/a/202501/12/WS67835a14a310f1265a1da4c9.html
စီးပွားရေးသံမှူး
ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ