တရုတ်နိုင်ငံသည် စားသုံးမှုကို မြှင့်တင်ပေးရန်အတွက် ၂၀၂၅ ခုနှစ်အတွင်း သွင်းကုန်များ တိုးချဲ့ ရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်ရန်အတွက် အထူးကမ်ပိန်း (special campaign) ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘေဂျင်းမြို့တွင် (၁၁-၁-၂၀၂၅) ရက် နေ့မှ (၁၂-၁-၂၀၂၅) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် တရုတ်အမျိုးသားကူးသန်းရောင်းဝယ်ရေး လုပ်ငန်း ညီလာခံ (national commerce work conference) ၌ ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်မှုအစီအစဉ် (consumer goods trade-in program) ကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပိုမိုကွဲပြားသော သုံးစွဲမှုအခြေအနေများကို ဖန်တီးသွားမည်ဖြစ်ပြီး ဝန်ဆောင်မှုနှင့် ဒစ်ဂျစ်တယ်သုံးစွဲမှု (digital consumption) ကို မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
နယ်စပ်ဖြတ်ကျော် e-commerce နှင့် အစိမ်းရောင်ကုန်သွယ်မှု (green trade) ကို ဖွံ့ဖြိုးလာစေရန် နိုင်ငံခြား ကုန်သွယ်မှုကဏ္ဍတွင် တရုတ်နိုင်ငံအနေဖြင့် သွင်းကုန်များကို တိုးချဲ့ဆောင်ရွက်မည် ဖြစ်ပြီး ကုန်သွယ်မှု ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး (trade digitalization) ကို မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါအစည်းအဝေးမှ သိရသည်။
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်အတွက် တစ်ဖက်သတ် ပွင့်လင်းမြင်သာမှုကို စနစ်တကျတိုး ချဲ့သွားမည်ဖြစ်ပြီး အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဇုန်များ၏ အခန်းကဏ္ဍကို အပြည့်အဝ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် နိုင်ငံခြား လုပ်ငန်းရှင်များအတွက် ဝန်ဆောင်မှုများ မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စက်မှုဆိုင်ရာ ကွင်းဆက်များ (industrial chains) နှင့် ထောက်ပံ့ရေး ကွင်းဆက်များ (supply chains) နှင့် နက်ရှိုင်းသောပိုးလမ်းမစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (deepen Silk Road e-commerce cooperation) တို့တွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် စံနှုန်းမြင့်သော နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေး စည်းမျဉ်းများနှင့်အညီ လိုက်လျောညီထွေမှု ရှိစွာ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။
တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများတွင် ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များကို ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် တစ်နှစ်တာအတွင်း ထုတ်လုပ်မှု ၏ ဘေးကင်းလုံခြုံရေးနှင့် တည်ငြိမ်သော ဈေးကွက်ရရှိရေးတို့ကို သေချာစေရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် (၁၅) ကြိမ်မြောက် ငါးနှစ် စီမံကိန်း (၂၀၂၆-၂၀၃၀) မူကြမ်းရေးဆွဲရေးကို မြှင့်တင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Wang Wentao က ပြောကြားခဲ့ပါသည်။
စီးပွားရေးသံမှူး၊ကူမင်းမြို့။