တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း စားသုံးမှုကို လှုံ့ဆော်ရန်၊ သွင်းကုန်များ ချဲ့ထွင်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် အစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း ပေကျင်းမြို့တွင် ကျင်းပခဲ့သည့် အမျိုးသားကူးသန်းရောင်းဝယ်ရေးလုပ်ငန်း ကွန်ဖရင့်တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသည် လူသုံးကုန်ပစ္စည်းများ အဟောင်းပေးအသစ်ဝယ်အစီအစဉ်ကို အကောင် အထည်ဖော်မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပိုမိုကွဲပြားသော သုံးစွဲမှုအခြေ အနေများကို ဖန်တီးမည်ဖြစ်ပြီး ဝန်ဆောင်မှုနှင့် ဒစ်ဂျစ်တယ်သုံးစွဲမှုကို မြှင့်တင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
နိုင်ငံခြားကုန်သွယ်မှုကဏ္ဍတွင် တရုတ်နိုင်ငံသည် သွင်းကုန်များကို တိုးချဲ့သွားမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် e-commerce နှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော ကုန်သွယ်မှုကို မြှင့်တင်ကာ ကုန်သွယ်မှုဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း အဆိုပါအစည်း အဝေးမှ သိရှိရပါသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် တရုတ်နိုင်ငံသည် တစ်ဖက်သတ် ဈေးကွက်ဖွင့်လှစ်မှုကို အစီအစဉ်တကျ တိုးချဲ့ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဇုန်များ၏ အခန်းကဏ္ဍကို အပြည့်အဝ မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံခြားသားလုပ်ငန်းရှင်များအတွက် ဝန်ဆောင်မှုများကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထို့အပြင် စံနှုန်းမြင့်သော နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်မှု စည်းမျဉ်းများနှင့်အညီ လိုက်လျော ညီထွေစွာ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ စက်မှုကွင်းဆက်များနှင့် ထောက်ပံ့ ရေးကွင်းဆက်များတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် Silk Road e-commerce ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း မြှင့်တင်သွားရန် ကြိုးပမ်းသွားမည်ဖြစ် ကြောင်း သိရှိရပါသည်။
တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Wang Wentao က တရုတ်နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများတွင် ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် တစ်နှစ်တာအတွင်း ထုတ်လုပ်မှုနှင့် တည်ငြိမ်သော ဈေးကွက်ရောင်းလိုအားတို့ကို သေချာစေရန်အတွက် (၁၅)ကြိမ်မြောက် ငါးနှစ် စီမံကိန်း (၂၀၂၆-၂၀၃၀) ရေးဆွဲရေးကို မြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်ဟု ဖော်ပြထားပါသည်။
Source: en.people.cn/n3/2025/0113/c90000-20264944.html
(စီးပွားရေးသံမှူး၊ နန်နင်းမြို့)