ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၇ ရက်နေ့အစည်း အဝေးတွင် ဆန်ကုန်သွယ်မှု ဖြေလျော့မှုများအပေါ် အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးသွား မည် ဖြစ်ကြောင်း သိရှိရပါသည်။
အစည်းအဝေးတွင် ဆန်တင်ပို့သူများဖြစ်လိုသည့် အသေးစားလုပ်ငန်းများကို အကူအညီပေး မည့် အစီအမံများကို အပြီးသတ်ဆွေးနွေးသွားမည်ဖြစ်ပြီး ယခုနှစ် ပထမ ၃ လပတ်အတွင်း ရလဒ်တစ်ခု အောင်မြင်ရန် ရည်မှန်းထားပါကြောင်း၊ အဆိုပါ အစည်းအဝေး၌ အရေးတကြီးဆောင်ရွက်မှု အဓိက မူဝါဒ ၁၀ ကို အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ထိုင်းစီးပွားရေးလုပ်ငန်း များ တိုးချဲ့ခြင်းနှင့် ကမ္ဘာ့ဈေးကွက်တွင် ဆန်ကုန်သွယ်မှု၌ ယှဉ်ပြိုင်မှုကို ထောက်ပံ့ပေးရန်ဖြစ်ကြောင်း၊ ပို့ကုန်လိုင်စင်များမှ အချက်အလက်များအရ ဆန်ပို့ကုန်သည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၉.၉၇ သန်း ဖြစ်ပြီး ပို့ကုန်လုပ်ငန်းငယ်များအတွက် အခွင့်အလမ်းရှိသည်ကို ညွှန်ပြနေပါကြောင်း ဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့ပါသည်။
အစည်းအဝေး၌ ထားရှိရမည့် ဆန်လက်ကျန် တန်ချိန် ၅၀၀ ပမာဏကို လျှော့ချခြင်းနှင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် ကုန်ကျစရိတ်လျှော့ချခြင်းနှင့် လက်ရှိ ပို့ကုန်အခကြေးငွေ ဘတ် ၅၀,၀၀၀ မှ လျှော့ချခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အဆိုပြု ပြောင်းလဲချက်များ ကို အတည်ပြုချက်ရရှိနိုင်ရေးအတွက် အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ မူဝါဒများသည် တောင်သူများနှင့် စိုက်ပျိုးရေး အဖွဲ့အစည်းများကို ပို့ကုန်လုပ်ငန်းရှင် များ ဖြစ်စေရန် ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ကနဦးစွာ လုပ်ငန်းငယ်များသည် ပို့ကုန်အတွက် ဆန် လက်ကျန်ထားရှိရန် မလိုအပ်ပါကြောင်း၊ မတည်ရင်းနှီးငွေ ဘတ် ၅ သန်းမှ ၁၀ သန်းဖြင့် မှတ်ပုံတင် ထားသော လုပ်ငန်းငယ်များအနေဖြင့် ဆန်လက်ကျန်လိုအပ်ချက်ကို တန် ၁၀၀ ထိ လျှော့ချသွားမည် ဖြစ်ပြီး မတည်ရင်းနှီးငွေ ဘတ် ၁၀ သန်းမှ ၂၀ သန်းသည် ဆန်လက်ကျန် တန်ချိန် ၅၀၀ ဖြစ်သကဲ့သို့ မတည်ရင်းနှီးငွေ ဘတ် ၂၀ သန်းအထက်သည် တန်ချိန် ၁,၀၀၀ ရှိရမည်ဟု အဆိုပြုလွှာတွင် ပါရှိပါ ကြောင်း၊ ပို့ကုန်လိုင်စင်အခကြေးငွေနှင့်စပ်လျဉ်း၍ တောင်သူများကို ကင်းလွတ်ခွင့်ပေးပြီး ဘတ် ၅ သန်းမှ ၁၀ သန်းမှ လုပ်ငန်းငယ်များသည် ဘတ် ၁၀,၀၀၀၊ ဘတ် ၁၀ သန်းမှ ၂၀ သန်း လုပ်ငန်းများသည် ဘတ် ၃၀,၀၀၀ နှင့် ဘတ် ၂၀ သန်းအထက် လုပ်ငန်းများသည် ဘတ် ၅၀,၀၀၀ ပေးရမည်ဖြစ်ကြောင်း၊ ဆန်ထုပ်ပို့တင်ပို့သူများအတွက် အခကြေးငွေကို ဘတ် ၂၀,၀၀၀ မှ ၁၀,၀၀၀ သို့ လျှော့ချခဲ့ပါကြောင်း အဆိုပြုလွှာတွင် ပါရှိပါသည်။
ပထမအဆင့်၏ ရလဒ်ကို ပထမ ၃ လပတ်တွင် ရရှိရန် မျှော်မှန်းထားပြီး ဒုတိယအဆင့်တွင် ဆန် ကုန်သွယ်မှုနှင့် ပို့ကုန်လုပ်ငန်းများအတွက် မှတ်ပုံတင်လုပ်ငန်းစဉ်ကို လွယ်ကူချောမွေ့ရန် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စီးပွားရေးနှင့် ကုန်သွယ်ရေး အခြေအနေများကို စောင့်ကြည့်ခြင်းအပါအဝင် အခြားသော မူဝါဒများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်များအတွက် ညှိနှိုင်းမှုများနှင့် လက်မှတ်ရေးထိုးနိုင်ရေးအတွက်လည်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏ အခြားသော မူဝါဒများဖြစ်သည့် ထိုင်းနိုင်ငံကို အခြားနိုင်ငံများ အတွက် အစားအစာသိုလှောင်ရာ အချက်အချာဖြစ်စေရန်၊ သီးနှံဈေးနှုန်းများ ထိန်းထားရန်၊ Thai Select တံဆိပ်များကို Michelin စံနှုန်းများသို့ မြှင့်တင်ရန်၊ တရားမဝင်နှင့် အရည်အသွေးနိမ့် ကုန်စည် သွင်းကုန်များနှင့် လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီသော နိုင်ငံခြားစီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း သည့် ပြဿနာများကို ဖြေရှင်းရန်၊ ဝန်ကြီးဌာန Application မှတစ်ဆင့် ဒီဂျစ်တယ် မူဝါဒကို အဆင့် မြှင့်တင်ရန်နှင့် ထိုင်းတံဆိပ်အမှတ်သင်္ကေတကို မြှင့်တင်ရာ၌ လုပ်ငန်းငယ်သစ်များကို အကူအညီပေး ရန် တို့ဖြစ်ကြောင်း ဝန်ကြီး Mr. Pichai က ဖြည့်စွက်ပြောကြားခဲ့ပါသည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။